ထိုင်းနိုင်ငံက ဖွန် ထနဆွန်ထောင်းလို့ခေါ်တဲ့ နာမည်ကြီး အမျိုးသမီးအဆိုတော်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက မြန်မာနိုင်ငံကို အလည်အပတ်သွားရောက်ခဲ့ပြီး မြန်မာအစားအစာတွေ မြည်းစမ်းခဲ့သလို မြန်မာ့ရိုးရာသနပ်ခါးကိုလည်း နှစ်သက်စွာ လိမ်းခြယ်ခဲ့ပါတယ်။
မြန်မာမိန်းကလေးတဦးက သူ့ကို သနပ်ခါးလိမ်းပေးနေတဲ့ ဗွီဒီယိုဖိုင်ကိုလည်း သူ့လူမှုကွန်ရက်စာမျက်နှာပေါ် တင်ခဲ့ရာမှာ လူကြိုက်များ ရေပန်းစားနေပါတယ်။
သူက သနပ်ခါးလိမ်းရတာတာ အသားအေးမြနေပြီး မြန်မာမလေးလို လှတယ်လို့ သူ့ကိုယ်သူ ပြောဆိုကာ နေပူထဲထွက်လို့ရပြီလို့ ပြောပါတယ်။
ကွန်းမင့်တွေမှာတော့ ထိုင်းပရိသတ်တွေက သူ့ကို သနပ်ခါးဝယ်ခဲ့ဖို့ မှာနေသလို မြန်မာပရိသတ်တွေကလည်း အမြောက်အမြား ၀င်ရောက်နှုတ်ဆက်နေပါတယ်။
(မူရင်း - ဖွန်ထနဆွန်ထောင်း ဖေ့စ်ဘွတ်ခ်)
6 years Ago