မြန်မာလက်ရွေးစင်အသင်း နှင့် လက်ဘနွန်အသင်းတို့ ဒီနေ့ညနေ ယှဉ်ပြိုင်မည်

A d v e r t i s e m e n t With Us

October 8, 2015

မြန်မာလက်ရွေးစင်အသင်း နှင့် လက်ဘနွန်အသင်းတို့ ဒီနေ့ညနေ ယှဉ်ပြိုင်မည်

မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းဟာ လက်ဘနွန်လက်ရွေးစင် အသင်းနဲ့ ဒီနေ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ စူပါချာလာစိုင်း အားကစားကွင်းမှာ ယှဉ်ပြိုင်ကစားသွားကြမှာ ဖြစ်ပါတယ်။ ရုရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၀၁၈ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ ဇုန်အသီးသီးမှာ ခြေစစ်ပွဲတွေ ကျင်းပနေပြီး မြန်မာ့ လက်ရွေးစင်အသင်းဟာ အာရှဇုန်ရဲ့အုပ်စု (ဂျီ) မှာ တောင်ကိုရီးယား၊ ကူဝိတ်၊ လက်ဘနွန်၊ လာအိုအသင်းတို့နဲ့ တအုပ်စုတည်း ကျရောက်နေပါတယ်။ မြန်မာအသင်းဟာ လက်ရှိမှာ ၃ ပွဲ ယှဉ်ပြိုင်ထားပြီး ၁ ပွဲသရေ၊ ၂ ပွဲရှုံး ရမှတ် ၁ မှတ်သာ ရရှိထားလို့ အဆင့် ၄  နေရာမှာ ရောက်ရှိနေပါတယ်။ မြန်မာအသင်းဟာ အောက်တိုဘာလ ၁၃ ရက်နေ့မှာလည်း ဘန်ကောက်မြို့ စူပါချာလာစိုင်း အားကစားကွင်းမှာ လာအိုအသင်းနဲ့ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားဘောလုံး ပြိုင်ပွဲ မြန်မာအသင်းပါတဲ့ ခြေစစ်ပွဲတွေကို MRTV News Channel နဲ့ MRTV Entertainment Channel တို့မှာ တိုက်ရိုက်ထုတ်လွှင့် ပြသသွားမယ်လို့ သိရပါတယ်။
5 years Ago
Up