မြန်မာလက်ရွေးစင်အသင်း

October 10, 2018

အင်ဒိုနီးရှားနှင့်ပွဲမတိုင်မီ မြန်မာအသင်းလေ့ကျင့်နေမှုမြင်ကွင်းများ (ဓာတ်ပုံ)

အင်ဒိုနီးရှားအသင်းနဲ့ ခြေစမ်းပွဲကစားမယ့် မြန်မာ လက်ရွေးစင်အသင်းဟာ အောက်တိုဘာ ၉ ရက် ညဦးပိုင်းက အင်ဒိုနီးရှားနိုင်ငံ Cikarang ရှိ Wibawa Mukti ကွင်းမှာ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ မြန်မာအသင်းအနေနဲ့ ခြေစမ်းပွဲမှာ ဂျာစီအဖြူရောင်ကို ဝတ်ဆင်ကစားမည်ဖြစ်ပြီး အိမ်ရှင် အင်ဒိုနီးရှားအသင်းက ဂျာစီအနီရောင်ကို ဝတ်ဆင်မယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။ ခြေစမ်းပွဲကို ဒီနေ့ မြန်မာစံတော်ချိန်ည ၆း၀၀ နာရီအချိန် Cikarang ရှိ Wibawa Mukti Stadium မှာ ကစားမှာဖြစ်ပြီး RCTI ရုပ်သံလိုင်းနဲ့ ဝက်ဘ်ဆိုက်လင့်ခ် www.pssi.org မှာ တိုက်ရိုက် ကြည့်ရှုနိုင်ပါတယ်။ မြန်မာလက်ရွေးစင်အသင်းဟာ အင်ဒိုနီးရှား လက်ရွေးစင် အသင်းနဲ့ ခြေစမ်းပွဲ ကစားဖို့ အောက်တိုဘာ ၈ ရက်နေ့ မနက်ပိုင်းကအင်ဒိုနီးရှား နိုင်ငံကို ထွက်ခွာသွားတာပါ။ မြန်မာလက်ရွေးစင်အသင်းဟာ အင်ဒိုနီးရှားနဲ့ ခြေစမ်းပွဲအတွက် ကစားသမားအယောက် ၂၀ ကို ခေါ်ဆောင်သွားပြီး ကျန်ခဲ့တဲ့ ကစားသမားတွေကတော့ ဘိုလီးဗီးယားနဲ့ ခြေစမ်းပွဲမှာ အသင်းနဲ့ ပြန်လည် ပူးပေါင်းကြမှာဖြစ်ပါတယ်။ မြန်မာလက်ရွေးစင် အသင်းဟာ အင်ဒိုနီးရှားနဲ့ပွဲပြီးနောက် အောက်တိုဘာ ၁၁ ရက်နေ့ မြန်မာနိုင်ငံကို ပြန်လည်ထွက်ခွာပြီး အောက်တိုဘာ ၁၃ ရက် ဘိုလီးဗီးယားနဲ့ ခြေစမ်းပွဲ ကစားမှာ ဖြစ်ပါတယ်။  
3 years Ago

May 17, 2018

မြန်မာလက်ရွေးစင်အသင်း တရုတ်နှင့် မေ ၂၆ ရက် ခြေစမ်းပွဲ ကစားမည်

နိုင်ငံတကာခြေစမ်းပွဲအဖြစ် မြန်မာ့လက်ရွေးစင်အသင်းဟာ တရုတ်လက်ရွေးစင်အသင်းနဲ့ မေလ ၂၆ ရက်နေ့ တရုတ်နိုင်ငံ နန်ကျင်းမြို့မှာ ယှဉ်ပြိုင်ကစားသွားမယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။ မြန်မာ့လက်ရွေးစင် အသင်းကို မေ ၂၀ ရက်နေ့ စတင်စခန်းသွင်းမှာဖြစ်ပြီး လေ့ကျင့်မှုကို မေ ၂၁ ရက်နေ့ စတင် ပြုလုပ်မှာ ဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင်အသင်းအနေနဲ့ မေ ၂၄ ရက်နေ့ တရုတ်နိုင်ငံကို ထွက်ခွာမှာ ဖြစ်ပြီး မေ ၂၆ ရက်နေ့ တရုတ်လက်ရွေးစင်အသင်းနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။ မေ ၁၆ ရက်နေ့ မြန်မာလက်ရွေးစင်အသင်းရဲ့ နည်းပြချုပ်ဖြစ်လာတဲ့ အန်တွမ်နီဟေးရဲ့ ပထမဆုံးနိုင်ငံတကာ ခြေစမ်းပွဲလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဟာ နည်းပြချုပ်အဖြစ် အန်တွမ်နီဟေး၊ လက်ထောက်နည်းပြ ဟာလက်၊ ဂိုးနည်းပြ ဟာဇော့တို့ကို ၂၀၁၈ ခုနှစ် မေ ၁၆ ရက်နေ့မှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအထိ သက်တမ်းရှိသော စာချုပ်တွေကို ချုပ်ဆိုခဲ့တာလည်း ဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင် အသင်းမှာ ပြည်တွင်းနည်းပြတဦးဖြစ်တဲ့ ဦးစိုးမြတ်မင်းကလည်း လက်ထောက်နည်းပြတဦးအဖြစ် နည်းပြအဖွဲ့မှာ ပါဝင်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
4 years Ago
More News
Up