မြန်မာယူ-၂၂အသင်း

February 19, 2019

အင်ဒိုနှင့် သရေကျခဲ့သည့် မြန်မာယူ-၂၂ အသင်း၏ ခြေစွမ်းကို နည်းပြ ကျေနပ်

အာဆီယံ ယူ-၂၂ ပြိုင်ပွဲ အဖွင့်ပွဲစဉ်မှာ အင်ဒိုနီးရှားအသင်းနဲ့ တဂိုးစီ သရေကျသွားခဲ့ပေမယ့် ကစားသမားတွေရဲ့ ခြေစွမ်းအပေါ် ကျေနပ်မှုရှိတယ်လို့ မြန်မာနည်းပြ ပိုပေါ့ဗ်က ပွဲအပြီးမှာ ပြောကြားသွားပါတယ်။ မြန်မာယူ-၂၂ အသင်းဟာ ပွဲချိန် ၁၃ မိနစ်မှာပဲ ကွင်းလယ်ကစားသမား မြတ်ကောင်းခန့်ရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲချိန် ၃၈ မိနစ်မှာ ချေပဂိုးတဂိုး ပြန်ပေးလိုက်ရတာ ဖြစ်ပါတယ်။ အင်ဒိုနီးရှားအသင်းကို ပြီးခဲ့တဲ့နှစ်ပိုင်းက ရန်ကုန်မှာ ၇ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကို မမေ့သင့်ကြောင်းနဲ့ ယူ-၂၂ အဆင့်မှာ သရေကစားနိုင်ခဲ့တဲ့အပေါ် ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို ကျေနပ်မှုရှိတယ်လို့ မြန်မာနည်းပြ ပိုပေါ့ဗ်က ပြောကြားသွားခဲ့တာပါ။ မြန်မာအသင်းဟာ အုပ်စုဒုတိယပွဲစဉ်အဖြစ် လာမယ့် ဖေဖော်ဝါရီ ၂၀ ရက်မှာ အိမ်ရှင် ကမ္ဘောဒီးယား၊ တတိယပွဲစဉ်အဖြစ် ဖေဖော်ဝါရီ ၂၂ ရက်မှာ မလေးရှားအသင်းတွေနဲ့ ဆက်ပြီး ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
2 years Ago
Up