မြန်မာယူ ၂၀ အသင်းကစားပုံ နယူးဇီလန် မြို့တော်ဝန်နှင့်အမတ် ချီးကျူး

July 2, 2015

မြန်မာပါဝင်သည့် အာရှ ယူ ၁၉ အုပ်စု (ဆ) ခြေစစ်ပွဲစဉ်များထွက်

၂၀၁၆ ခုနှစ် ဘာရိန်းနိုင်ငံမှာ  ကျင်းပမယ့် အာရှဘောလုံးအဖွဲ့ချုပ်ရဲ့ ယူ ၁၉  ချန်ပီယံရှစ် ပြိုင်ပွဲအတွက် မြန်မာက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အုပ်စု (ဆ)ပွဲစဉ်တွေ ထွက်ပေါ်လာပါတယ်။ အုပ်စု (ဆ) မှာတော့ မြန်မာ အသင်းဟာ ဗီယက်နမ်၊ ဟောင်ကောင်၊ ဘရူးနိုင်း၊ အရှေ့တီမော အသင်းတွေနဲ့ အတူ ကျရောက်နေပါတယ်။ စက်တင်ဘာ ၃၀ ရက်မှာ မြန်မာနဲ့ ဘရူးနိုင်း၊ အောက်တိုဘာ ၂ ရက်မှာ မြန်မာနဲ့ တီမော၊ အောက်တိုဘာ ၄ ရက်မှာ မြန်မာနဲ့ ဟောင်ကောင်၊ အောက်တိုဘာ ၆ ရက်မှာ မြန်မာနဲ့ ဗီယက်နမ်တို့ ကစားကြမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲတွေကို ၂၀၁၅ ခုနှစ် စက်တင်ဘာ ၂၈ ရက်ကနေ အောက်တိုဘာ ၆ ရက်အထိ သုဝဏ္ဏ လူငယ်လေ့ကျင့်ရေးကွင်းမှာ ကစားသွားမှာ ဖြစ်ပါတယ်။ ခြေစစ်ပွဲတွေကို အုပ်စု ၁၀ ခု ခွဲပြီး ကျင်းပတာဖြစ်သလို အုပ်စု ပထမရတဲ့ အသင်း ၁၀ သင်းနဲ့ အကောင်းဆုံး အုပ်စု ဒုတိယ ၅ သင်း၊ အိမ်ရှင် ဘာရိန်းအသင်းတို့ ယူ ၁၉ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ဘာရိန်း ယူ ၁၉  ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ် တက်ရောက်တဲ့ အသင်း ၄ သင်းက ၂၀၁၇ ခုနှစ် တောင်ကိုရီးယားမှာ ကျင်းပမယ့် ယူ ၂၀ ကမ္ဘာဖလား ဘောလုံးပြိုင်ပွဲအတွက် ခြေစစ်ပွဲအောင်မြင်မှာ ဖြစ်ပါတယ်။
6 years Ago

July 1, 2015

စက်တင်ဘာတွင် မြန်မာနှင့် ကစားမည်ဟု နယူးဇီလန်အသင်း အတည်ပြု

စက်တင်ဘာ ၇ ရက် ရန်ကုန်မြို့မှာ မြန်မာ့လက်ရွေးစင်အသင်းနဲ့ ကစားသွားမယ်လို့ နယူးဇီလန်အသင်းက အတည်ပြုပါတယ်။ မြန်မာအသင်းက နယူးဇီလန်နဲ့ ယူအေအီး ဘောလုံးအဖွဲ့ချုပ်တွေထံ ခြေစမ်းပွဲကစားဖို့ ဇွန် ၂၅ ရက်က ကမ်းလှမ်းခဲ့တာကို ဒီအသင်းတွေက သဘောတူတယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ်ရဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ထုတ်ပြန်ခဲ့ပြီးနောက် နယူးဇီလန်အသင်းက ရန်ကုန်မှာ ကစားဖို့ ထုတ်ပြန်လိုက်တာပါ။ ရုရှားနိုင်ငံမှာ ကျင်းပမယ့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ သမုဒ္ဒရာပိုင်းဇုန် ခြေစစ်ပွဲအတွက် ပြင်ဆင်မှုတွေ ပြုလုပ်တဲ့အနေနဲ့ နယူးဇီလန်အသင်းရဲ့ အာရှခရီးစဉ်ဟာ အရေးပါတဲ့ ခရီးစဉ်ဖြစ်တယ်လို့ နယူးဇီလန် ဘောလုံးအရည်အသွေးမြင့်တက်ရေး ညွှန်ကြားရေးမှူး ဖရက်ဒီဂျောင်းက ပြောပါတယ်။ မြန်မာအသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် တောင်ကိုရီးယားအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးထားသလို လာအိုနဲ့ ၂ ဂိုးစီ သရေကျထားပါတယ်။ မြန်မာအသင်းဟာ နယူးဇီလန်အသင်းနဲ့ ၂ ကြိမ် ကစားခဲ့ဖူးပါတယ်။ ၁၉၇၆ ခုနှစ် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မှာ ကစားတဲ့ပွဲမှာတော့ ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရထားသလို ၁၉၈၀ ကွာလာလမ်ပူမှာတော့ ၁ ဂိုးစီ သရေကျထားပါတယ်။ မကြာသေးမီက ကျင်းပခဲ့တဲ့ ဖီဖာ ယူ ၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ မြန်မာအသင်းက နယူးဇီလန်ကို ၅ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ထားပါတယ်။
6 years Ago
More News
Up