မြန်မာယူ ၂၀

June 5, 2015

မြန်မာ ယူ ၂၀ ပွဲစဉ်ကို မန္တလေး ပရိသတ် အားပေး (ရုပ်သံ)

မြန်မာ ယူ ၂၀ အသင်းနဲ့ နယူးဇီလန် အသင်းတို့ ဇွန် ၅ ရက်နေ့ မြန်မာစံတော်ချိန် နေ့လယ် ၁ နာရီခွဲမှာ အိမ်ရှင် နယူးဇီလန်အသင်းနဲ့ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရနေတဲ့ ပွဲစဉ်ကို မန္တလေးက ဘောလုံး ပရိသတ်များ မြန်မာအသင်းကို အားပေးနေစဉ်။ မြန်မာအသင်းဟာ အုပ်စုပွဲစဉ်တွေမှာ အမေရိကန်ကို ၂-၁ ဂိုး၊ ယူကရိန်းကို ၆ ဂိုးနဲ့ ရှုံးနိမ့်ထားပါတယ်။ နယူးဇီးလန်အသင်းကတော့ ယူကရိန်းနဲ့ ဂိုးမရှိသရေ၊ အမေရိကန်ကို ၄ ဂိုးပြတ် ရှုံးနိမ့်ထားပါတယ်။ ဓာတ်ပုံ - အိမ်ခိုင်မြဲ [gallery ids="96149,96150,96151,96152,96153"]
7 years Ago

June 2, 2015

မြန်မာ-ယူကရိန်း ပွဲအပြီး နည်းပြများ ပြောစကား

မြန်မာနည်းပြ ဂတ်ဆီဇီ “ကျနော်တို့အသင်း တပွဲကစားဖို့လောက်ပဲ ခွန်အားရှိပါတယ်။ ဥရောပအသင်းတွေက တခြားပြိုင်ပွဲတွေ ကစားပေမယ့် ကျနော်တို့ မလိုက်နိုင်ခဲ့ပါဘူး။ ကျနော်တို့က တကယ့် အကန်းတွေပါ။ အတွေ့အကြုံမရှိဘူး။ ဒါက အရမ်းကို ရှင်းပါတယ်။ တကယ်ကို ကပ်ဆိုးတခုပါပဲ။ ပြိုင်ပွဲက ကျနော်တို့အတွက် တိုတောင်းလွန်းပါတယ်။ ဒီအသင်းတွေကို ကျနော်တို့ မလိုက်နိုင်ပါဘူး။ အခွင့်အရေးလည်း မရှိပါဘူး။ ကျနော့်အသင်းက ညံ့ပါတယ်။ အမေရိကန်နဲ့ပြိုင်ပွဲလိုပါပဲ။ ဒုတိယပိုင်း ၁၅ မိနစ်၊ ၂၀ မိနစ်မှာ ကျနော်တို့ ပြိုင်ပွဲကို ရှုံးနိမ့်ခဲ့ပါတယ်။ ကျနော်တို့ လက်တွေ့ကျရပါမယ်။ ပွဲက ပြီးဆုံးသွားပါပြီ။ မြန်မာ ပရိသတ်တွေကို ကျနော် တောင်းပန်ရပါမယ်။ ဒီကပ်ဆိုးအတွက် ကျနော့်မှာ တာဝန်ရှိပါတယ်။ ဒါပေမယ့် စက်ဘီးသမားကို ပြိုင်ကားမောင်းတဲ့လူအဖြစ် ကျနော် မပြောင်းလဲနိုင်ပါဘူး။” ယူကရိန်း နည်းပြ  အိုလက်ဇန်ဒရာ ပက်ရာကော့ဗ် “ပြိုင်ပွဲရဲ့ ရလဒ်အပေါ် ကျနော် အရမ်းကို ကျေနပ်ပါတယ်။ ဒီပွဲမတိုင်ခင် ဒုတိယပိုင်းမှာ ပွဲက အရှိန်မရှိ ဖြစ်နေတဲ့အတွက် ဗယ်လာရီ လူစ်ကိုဗစ်ကို ထည့်ဖို့ ကျနော်စီစဉ်ခဲ့ပါတယ်။ သူ ဒုတိယပိုင်းမှာ ကစားမယ်လို့ ကျနော်တို့ သဘောတူခဲ့သလို သူ့ကြောင့် ပွဲက အတော်ကို တိုးတက်လာခဲ့ပါတယ်။ နယူးဇီလန်နဲ့ပွဲလိုပဲ ပထမပိုင်းမှာ ရတဲ့ အခွင့်အရေးတွေကနေ ဂိုးရဖို့ ကျနော်တို့ ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ ဒါဟာ လုံးဝကို ပြောင်းလဲသွားပါတယ်။ ဒါကြောင့်လည်း ကျနော်တို့ ပရိသတ်တွေ ပျော်အောင် အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။”
7 years Ago

မြန်မာကို အားပေးတဲ့ ပရိသတ် ပိုများတယ် - နယူးဇီလန်ရောက် မြန်မာပရိသတ် ဦးရဲမျိုးဟိန်း

နယူးဇီလန်မှာ ကျင်းပနေတဲ့ ယူ ၂၀ ကမ္ဘာဖလားဘောလုံးပြိုင်ပွဲမှာ မြန်မာအသင်းဟာ အုပ်စု ဒုတိယပွဲစဉ်အဖြစ် ဇွန် ၂ ရက် မြန်မာစံတော်ချိန် မနက် ၇ နာရီခွဲမှာ စတင်ကစားမှာဖြစ်ပါတယ်။ နယူးဇီလန်ရောက် မြန်မာဘောလုံးပရိသတ် ဦးရဲမျိုးဟိန်းက ပွဲမစတင်မီ မြင်ကွင်းကို အခုလိုပြောပါတယ်။ “လက်ရှိ အခြေအနေအရတော့ ပရိသတ်တွေ လာနေကြပြီ။ အော့ကလန်တို့ ဘာတို့ကနေ လာတဲ့ မြန်မာပရိသတ် အများကြီးခင်ဗျ။ ယူကရိန်းပရိသတ်ကတော့ သိပ်မရှိဘူး။ သူတို့က ဒီအသင်းတွေ အားပေးဖို့အတွက် ဒီမြို့ကနေပြီး ကလေးတွေ အများကြီး လားအားပေးတယ်။ ကျောင်းက လူငယ်တွေကို လာအားပေးခိုင်းတယ်။ ကျနော်တို့ မြန်မာပရိသတ်ကတော့ အများကြီးပဲ။ ယူကရိန်းပရိသတ်ကတော့ မတွေ့သေးဘူး။ မြန်မာအသင်း ရောက်နေပြီ။ ဒီနေ့ရုံးဖွင့်ရက်ဖြစ်တဲ့အတွက် ဟိုနေ့ကလောက် မများဘူးခင်ဗျ။ မျက်နှာတွေဘာတွေ ခြယ်ပြီး အလံတွေ ဘာတွေနဲ့ လာအားပေးကြတယ်။” ဓာတ်ပုံ – ကိုရဲဖေ့စ်ဘွတ်ခ် [gallery ids="95521,95522,95523,95524,95525,95526,95527,95528"]
7 years Ago
More News
Up