မြန်မာယူ ၁၉ အသင်း သြစတြေးလျ ယူ ၁၉ နှင့် ယနေ့ညနေ ယှဉ်ပြိုင်မည်

A d v e r t i s e m e n t With Us

September 15, 2016

မြန်မာယူ ၁၉ အသင်း သြစတြေးလျကို ၃ ဂိုးပြတ် ရှုံးနိမ့်

မြန်မာ ယူ ၁၉ အသင်းဟာ သြစတြေးလျအသင်းနဲ့ ပွဲစဉ်မစတင်ခင်က ရလဒ်ကောင်းတွေရဖို့ မျှော်လင့်ခဲ့ပေမယ့်လည်း ပွဲအပြီးမှာတော့ ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ မြန်မာ ယူ ၁၉ အသင်းဟာ ခြေစွမ်းမကောင်းတဲ့ သြစတြေးလျအသင်းကို ယှဉ်မကစားနိုင်ခဲ့ပဲ ကစားကွက်ပိုင်းအရလည်း ရှုံးနိမ့်ခဲ့တာပါ။ သြစတြေးလျအသင်းကတော့ ခြေစွမ်းအကောင်းဆုံး ရှိမနေပေမယ့် အသင်းလိုက်ကစားပုံ စုစုစည်းစည်းနဲ့ ကစားခဲ့ပြီးတော့ ဂိုးပြတ်အနိုင်ယူခဲ့တာပါ။ ဒီပွဲရလဒ်ကြောင့် မြန်မာ ယူ ၁၉ အသင်းအနေနဲ့ လက်ကျန်ပွဲတွေကိုတော့ အကောင်းဆုံး ယှဉ်ပြိုင်ပြီးတော့ အနိုင်ရလဒ်တွေ စွမ်းဆောင်ဖို့ လိုအပ်ပါတယ်။ သြစတြေးလျအသင်းကတော့ ဒီပွဲအနိုင်ရလဒ်ကြောင့် အမှတ်ပေးဇယား ပထမနေရာမှာ ဆက်လက်ဦးဆောင်နေခဲ့ပါတယ်။ မြန်မာ ယူ ၁၉ အသင်းဟာ လာမယ့် စက်တင်ဘာ ၁၆ ရက်နေ့မှာ လာအိုအသင်းနဲ့ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။
4 years Ago

September 14, 2016

မြန်မာယူ ၁၉ အသင်း သြစတြေးလျ ယူ ၁၉ နှင့် ယနေ့ညနေ ယှဉ်ပြိုင်မည်

AFF VIETCOMBANK U 19 Championship 2016 ဘောလုံးပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာ ယူ ၁၉ အသင်းဟာ ပွဲဦးထွက်မှာ အင်ဒိုနီးရှား ယူ ၁၉ အသင်းကို အနိုင်ရပြီးတဲ့နောက် သြစတြေးလျအသင်းနဲ့ပွဲမှာလည်း ရလဒ်ကောင်းရဖို့ မျှော်လင့်နေပါတယ်။ မြန်မာယူ ၁၉ အသင်းဟာ လက်ရှိအချိန်မှာတော့ ၁ ပွဲကစား ၃ မှတ်၊ ဂိုးကွာခြားချက်နဲ့ သြစတြေးလျအသင်းရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ မြန်မာ ယူ ၁၉ အသင်းနဲ့ သြစတြေးလျ ယူ ၁၉ အသင်းတို့ဟာ ဒီနေ့ညနေ ၃ နာရီခွဲအချိန်မှာ အုပ်စု ဒုတိယပွဲစဉ် ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။
4 years Ago
Up