မြန်မာယူ ၁၉ အသင်း ထိုင်းနှင့်သရေကျပြီး အုပ်စုအဆင့်မှ ထွက်

A d v e r t i s e m e n t With Us

September 21, 2016

မြန်မာယူ ၁၉ အသင်း ထိုင်းနှင့်သရေကျပြီး အုပ်စုအဆင့်မှ ထွက်

အာဆီယံ ယူ ၁၉ ပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်တွေကို စက်တင်ဘာ ၂၀ ရက်က ယှဉ်ပြိုင်ကစားခဲ့ပြီး မြန်မာအသင်းက ထိုင်းအသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့ပါတယ်။ မြန်မာအသင်းဟာ ထိုင်းအသင်းကို အနိုင်ရရှိမှ အုပ်စုတက်ဖို့ မျှော်လင့်ချက်ရှိမှာဖြစ်ပေမယ့် သရေသာကစားနိုင်ခဲ့ပြီး အုပ်စုအဆင့်ကနေ ထွက်ခဲ့ရပါတယ်။ မြန်မာယူ ၁၉ အသင်းဟာ အုပ်စုပွဲစဉ် ၅ ပွဲမှာ အင်ဒိုနီးရှားနဲ့ ကမ္ဘောဒီးယားအသင်းတွေကို အနိုင်ရခဲ့ပေမယ့် သြစတြေးလျကို ရှုံးခဲ့ပြီး လာအို၊ ထိုင်းအအသင်းတို့နဲ့ သရေကျခဲ့လို့ ရမှတ် ၈ မှတ်နဲ့ အုပ်စုအဆင့်က ထွက်ခဲ့ရတာပါ။ တချိန်တည်းကစားခဲ့တဲ့ သြစတြေးလျနဲ့ လာအိုအသင်းတို့ပွဲစဉ်မှာ သြစတြေးလျအသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ မြန်မာအသင်းပါဝင်တဲ့အုပ်စု ခ မှာ ထိုင်းအသင်းက ၅ ပွဲကစား ၄ ပွဲနိုင် ၁ ပွဲသရေ ရမှတ် ၁၃ မှတ်နဲ့ အုပ်စုပထမရခဲ့ပြီး သြစတြေးလျအသင်းက ၅ ပွဲကစား ၄ ပွဲနိုင် ၁ ပွဲရှုံး ရမှတ် ၁၂ မှတ်နဲ့ အုပ်စုဒုတိယနဲ့ ဆီမီးဖိုင်နယ် တက်သွားပါတယ်။ ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို စက်တင်ဘာ ၂၂ ရက်မှာ ဆက်လက်ကျင်းပမှာဖြစ်ပြီး ထိုင်းနဲ့ အရှေ့တီမော၊ ဗီယက်နမ်နဲ့ သြစတြေးလျအသင်းတို့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
4 years Ago
Up