မြန်မာယူ ၁၉ အသင်း ကမ္ဘောဒီးယား ယူ ၁၉ ကို ၃ ဂိုးပြတ်ဖြင့်နိုင်

A d v e r t i s e m e n t With Us

September 19, 2016

မြန်မာယူ ၁၉ အသင်း ကမ္ဘောဒီးယား ယူ ၁၉ ကို ၃ ဂိုးပြတ်ဖြင့်နိုင်

အာဆီယံ ယူ ၁၉ ပြိုင်ပွဲ အုပ်စု စတုတ္ထပွဲစဉ်မှာ မြန်မာယူ ၁၉ အသင်းက ကမ္ဘောဒီးယား ယူ ၁၉ အသင်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ မြန်မာအသင်းအတွက် ဂိုးတွေကို ပွဲချိန် ၂၁ မိနစ်မှာ မြတ်ထွန်းသစ်၊ ပွဲချိန် ၂၉ မိနစ်မှာ ဇွဲသက်ပိုင်နဲ့ ပွဲချိန် ၄၉ မိနစ်မှာ အောင်နိုင်ဝင်းတို့က သွင်းယူခဲ့တာ ဖြစ်ပါတယ်။ မြန်မာအသင်းဟာ အုပ်စုပွဲစဉ် ၄ ပွဲကစားအပြီးမှာ ၂ ပွဲနိုင် ၁ ပွဲသရေ ၁ ပွဲရှုံးနိမ့်ခဲ့ပြီး အုပ်စုတတိယနေရာမှာ ရပ်တည်နေပါတယ်။ မြန်မာအသင်းဟာ သြစတြေးလျအသင်းကို ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီး အင်ဒိုနီးရှားကို ၃ ဂိုး ၂ ဂိုး၊ ကမ္ဘောဒီးယားကို ၃ ဂိုး ဂိုးမရှိ ရလဒ်တွေနဲ့ အနိုင်ရပြီး လာအိုနဲ့ ၄ ဂိုးစီ သရေကျခဲ့ပါတယ်။ မြန်မာယူ ၁၉ အသင်းဟာ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် လာမယ့် စက်တင်ဘာ ၂၀ ရက်မှာ ထိုင်းအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
4 years Ago
Up