မြန်မာယူ-၁၉အမျိုးသမီးအသင်း

March 4, 2019

ဂျပန်-အာဆီယံ ယူ-၁၉ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် မြန်မာက အိုကီနာဝါအသင်းကို ၅ ဂိုး ၂ ဂိုးဖြင့်နိုင်

ဂျပန်-အာဆီယံ ယူ-၁၉ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့  မြန်မာ့လက်ရွေးစင် ယူ-၁၉ အမျိုးသမီးအသင်းဟာ ဒီနေ့မနက်က ဂျပန် အိုကီနာဝါ အမျိုးသမီး ယူ-၁၉ အသင်းကို ၅ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ မြန်မာ့လက်ရွေးစင် ယူ-၁၉ အမျိုးသမီးအသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်မှာ ဗီယက်နမ်အသင်းနဲ့ သရေ၊ ဒုတိယပွဲစဉ်မှာလည်း အိမ်ရှင် ဂျပန်ယူ-၁၉ အမျိုးသမီးအသင်းနဲ့ သရေကျထားပြီး အခုပွဲ အနိုင်ရလဒ်ကြောင့် လက်ရှိ ၅ မှတ် ရထားပါတယ်။ ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ဂျပန်-အာဆီယံ ယူ-၁၉ အမျိုးသမီး ဘောလုံးပြိုင်ပွဲမှာ မြန်မာအသင်းဟာ အုပ်စု အေမှာ ဂျပန်အသင်း၊ အိုကီနာဝါ လက်ရွေးစင်အသင်း၊ ထိုင်းအသင်း၊ ဗီယက်နမ်အသင်းတွေနဲ့ တအုပ်စုတည်း ကျရောက်နေတာ ဖြစ်ပါတယ်။ လက်ရှိ အုပ်စုတွင်း ရပ်တည်မှု အနေအထားမှာတော့ မြန်မာအသင်းဟာ သုံးပွဲကစား ၅ မှတ်နဲ့ အုပ်စုပထမနေရာက ဦးဆောင်နေပြီး ဂျပန်အသင်းက နှစ်ပွဲကစား ၄ မှတ်နဲ့ အုပ်စုဒုတိယ၊ ဗီယက်နမ်အသင်းက သုံးပွဲကစား ၄ မှတ်နဲ့ အုပ်စုတတိယ၊ ထိုင်းအသင်းက နှစ်ပွဲကစား ၃ မှတ်နဲ့ စတုတ္ထ၊ အိုကီနာဝါအသင်းက နှစ်ပွဲကစား အမှတ်မရသေးဘဲ အုပ်စု အောက်ဆုံးမှာ အသီးသီး ရပ်တည်နေကြပါတယ်။ မြန်မာယူ-၁၉ အမျိုးသမီးအသင်းဟာ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ထိုင်းယူ-၁၉ အမျိုးသမီး အသင်းနဲ့ မတ်လ ၅ ရက်နေ့ မြန်မာစံတော်ချိန် မနက် ၈ နာရီ ၃၀ မိနစ်မှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
2 years Ago
Up