မြန်မာယူ ၁၉

October 6, 2018

ထိုင်း ယူ-၁၉ အမျိုးသမီးအသင်းက မြန်မာအသင်းကို (၁-၀)ဂိုးဖြင့်အနိုင်ရ

မြန်မာယူ-၁၉ အမျိုးသမီးလက်ရွေးစင်အသင်းနဲ့ ထိုင်း ယူ-၁၉ အမျိုးသမီးအသင်းတို့ မနေ့ညနေက ရန်ကုန် သုဝဏ္ဏကွင်းမှာ ခြေစမ်းပွဲယှဉ်ပြိုင်ကစားရာမှာ  ထိုင်းအသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ထိုင်းအသင်းအတွက် အနိုင်ဂိုးကို ပထမပိုင်း ပွဲချိန် မိနစ် ၄၀ မှာ နူးဝါဒီက ပင်နယ်တီကနေ တဆင့်သွင်းယူသွားခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာ မြန်မာအသင်း ဂိုးသွင်းဖို့ အခွင့်အရေး ရခဲ့ပေမယ့် အသုံးမချနိုင်လို့ ချေပဂိုးမရဘဲ ရှုံးနိမ့်ခဲ့ရတာပါ။ မြန်မာအသင်းဟာ ၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီးခြေစမ်းပွဲအတွက် လေ့ကျင့် ပြင်ဆင်တဲ့ အနေနဲ့ နိုင်ငံတကာ ခြေစမ်းပွဲတွေ ကစားနေတာဖြစ်ပြီး ထိုင်းအသင်းနဲ့ ခြေစမ်းပွဲ နှစ်ပွဲ ကစားဖို့  စီစဉ်ထားပါတယ်။ မြန်မာနဲ့ ထိုင်း ယူ-၁၉ အမျိုးသမီးအသင်းတွေရဲ့ ဒုတိယမြောက် ခြေစမ်းပွဲကိုတော့ အောက်တိုဘာ ၇ ရက် ညနေ ရန်ကုန် သုဝဏ္ဏကွင်းမှာပဲ ထပ်မံယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ ဓာတ်ပုံ- MFF
3 years Ago

June 21, 2018

မြန်မာ ယူ-၁၉ အသင်း စင်ကာပူ ယူ-၂၃ အသင်းကို ၂ ဂိုးပြတ်နိုင်

မြန်မာ့လက်ရွေးစင် ယူ-၂၃ (ခ) အသင်းနဲ့ စင်ကာပူလက်ရွေးစင် ယူ-၂၃ အသင်းတို့ မနေ့ညကနေ စင်ကာပူနိုင်ငံမှာ ခြေစမ်းပွဲယှဉ်ပြိုင်ရာ မြန်မာအသင်းက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ မြန်မာအသင်းအတွက် အနိုင်ဂိုးတွေကို ပထမပိုင်း မိနစ် ၄၀ မှာ ဝင်းနိုင်ထွန်းနဲ့ ဒုတိယပိုင်း ၆၂ မိနစ်မှာ ရဲရင့်အောင်တို့က သွင်းယူပေးခဲ့ပါတယ်။ စင်ကာပူဘောလုံးအဖွဲ့ချုပ် (FAS) ဟာ လေ့ကျင့်ခြေစမ်းဖို့ မြန်မာ ယူ-၂၃ အသင်းကို ဖိတ်ကြားခဲ့ပေမယ့် မြန်မာဘောလုံးအဖွဲ့ချုပ်က အာဆီယံ ယူ-၁၉ ပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေတဲ့ မြန်မာယူ-၁၉ အသင်းကို အတွေ့အကြုံရစေဖို့ ရည်ရွယ်ပြီး ယူ-၂၃ (ခ) အသင်းအဖြစ် စေလွှတ်ယှဉ်ပြိုင်ခဲ့တာပါ။ မြန်မာ ယူ-၂၃ (ခ) အသင်းဟာ ပထမခြေစမ်းပွဲအဖြစ် စင်ကာပူလိဂ်မှာ ကစားနေတဲ့ ဂျပန်ကလပ် နီဂါတာအသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရာမှာတော့ ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
3 years Ago
More News
Up