မြန်မာယူ၁၈ အသင်းဟာ အာဆီယံယူ ၁၈ ပြိုင်ပွဲ အုပ်စုဒုတိယပွဲစဉ်အတွက် လေ့ကျင့်ပြင်ဆင်မူတွေ ပြုလုပ်နေပါတယ်။
အုပ်စုအဖွင့်ပွဲမှာ အင်ဒိုနီးရှားယူ၁၈ကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ထားတဲ့ မြန်မာယူ ၁၈ အသင်းအနေနဲ့ ဘရူနိုင်းနဲ့ပွဲစဉ်မှာ အနိုင်ရဖို့ လိုအပ်တဲ့အပြင် ဂိုးကွာခြား ချက်အသာရအောင် ကစားဖို့ လိုအပ်နေတာပါ။
မြန်မာယူ ၁၈ အသင်းမှာ တိုက်စစ်ကစားသမားတွေ ဖြစ်တဲ့ ပြည့်စုံနိုင်နဲ့ ထက်ဖြိုးဝေတို့ ဒဏ်ရာရနေပြီး ဘရူနိုင်းနဲ့ပွဲမှာ ကစားသမား အပြောင်းအလဲပြုလုပ်ဖို့လည်း ရှိပါတယ်။
အာဆီယံယူ ၁၈ ပြိုင်ပွဲကို စက်တင်ဘာ ၄ ရက်ကစပြီး အောင်ဆန်း ကွင်းနဲ့ သုဝဏ္ဏကွင်းတွေမှာ ကျင်းပနေတာပါ။
အုပ်စု (B) မှာ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်တို့က ဦးဆောင်နေပြီး မြန်မာအသင်းကတော့ အမှတ်မရသေးပါဘူး။
မြန်မာယူ ၁၈ အသင်းနဲ့ ဘရူနိုင်းတို့ရဲ့ပွဲစဉ်ကို စက်တင်ဘာ ၉ ရက် ညနေ ၆ နာရီမှာ ယှဉ်ပြိုင်ကစားကြမှာပါ။
မြန်မာယူ၁၈အသင်းအနေနဲ့ ဘရူနိုင်းနဲ့ ပွဲအပြီးမှာ ဖိလစ်ပိုင်၊ ဗီယက်နမ် အသင်းတို့နဲ့ ဆက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး နိုင်ပွဲတွေရ ယူနိုင်မှ ဆီမီးဖိုင်နယ် တက်ရောက်နိုင်မှာဖြစ်ပါတယ်။
သတင်း/ဓာတ်ပုံ- လွှမ်းမိုးအောင်
5 years Ago