မြန်မာယူ-၁၈အသင်း

April 24, 2019

ဟောင်​​ကောင်​ဖိတ်​​ခေါ်ဖလားချန်​ပီယံ မြန်​မာယူ-၁၈ အသင်း ရန်​ကုန်ပြန်​ရောက် (ဓာတ်ပုံ)

ဟောင်ကောင် ဖိတ်ခေါ် Jockey Club International Youth Invitational Football Tournament 2019 မှာ ဗိုလ်​စွဲခဲ့တဲ့ မြန်​မာ့လက်​​ရွေးစင်​ ယူ-၁၈ အသင်းဟာ ဧပြီ ၂၃ ရက်​​ ည​ ၇ နာရီက ရန်​ကုန်​မြို့ကို ပြန်​လည်​​ရောက်​ရှိလာပါတယ်။ မြန်မာ ယူ-၁၈ အသင်းဟာ အိမ်ရှင် ဟောင်ကောင်၊ ဗီယက်​နမ်​၊ စင်​ကာပူတို့နဲ့ လေးသင်းပတ်​လည် ကစားခဲ့ပြီး​ နှစ်ပွဲနိုင်၊ တပွဲသ​ရေနဲ့ ရှုံးပွဲမရှိ ချန်​ပီယံဖြစ်​ခဲ့တာပါ။ နည်းပြချုပ် ဦးစိုးမြတ်​မင်းက​တော့ အခုနိုင်​ပွဲဟာ အစပဲရှိသေးပြီး ​နောင်​လာမယ့်​ အချိန်​​တွေဟာ ပိုခက်​ခဲလာမှာဖြစ်​လို့ ပြင်​ဆင်​ထား​ကြောင်း၊ ​ကစားသမား​တွေ အ​နေနဲ့လည်း အနားယူလို့ မရ​သေးဘဲ ချက်​ချင်း လေ့ကျင့်​​ခန်း ပြန်​ဆင်းရမယ်​လို့ ပြောပါတယ်​။ မြန်​မာယူ-၁၈ ကစားသမား​တွေက​တော့ အခုပြိုင်​ပွဲက​နေ ပြိုင်​ဘက်​နိုင်​ငံ​တွေရဲ့ ပြင်​ဆင်​မှု​တွေနဲ့ တိုးတက်​လာတဲ့ အခြေအ​နေ​တွေ တွေ့မြင်​ခဲ့ရပြီး​ အ​တွေ့အကြုံကောင်း​တွေ ရရှိခဲ့တယ်​လို့ ဆိုပါတယ်​။ သတင်း၊ ဓာတ်ပုံ - ထက်လူ  
2 years Ago
Up