ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ စခန်းသွင်းလေ့ကျင့်နေတဲ့ မြန်မာ ယူ၁၆ လက်ရွေးစင်အသင်းသားတွေကို ထိုင်းကလပ်အသင်းမှာ ကစားနေတဲ့ အောင်သူနဲ့ ဆေးကု သမှုခံယူရင်း ကြံ့ခိုင်မှုအတွက်လေ့ကျင့်နေတဲ့ ငြိမ်းချမ်းအောင်နဲ့ ကျော်မင်းဦးတို့က လာရောက်တွေ့ဆုံ အားပေးစကားပြောသွားတယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ်က သတင်း ထုတ်ပါတယ်။
AFF U16 Championship 2018 ပြိုင်ပွဲဝင်မယ့် ယူ၁၆ မြန်မာ့လက်ရွေးစင်အသင်းဟာ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ စခန်းသွင်းလေ့ကျင့်နေတာဖြစ်ပြီး ဒီကနေ့ ထိုင်း ယူ ၁၆ လက်ရွေးစင်အသင်းနဲ့ ခြေစမ်းကစားမှာ ဖြစ်ပါတယ်။
ဓာတ်ပုံ-MFF
5 years Ago