မြန်မာယူ-၁၆အသင်း

September 7, 2017

မြန်မာယူ-၁၆အသင်းခြေစမ်းပွဲတွင် ချောင်ဘူရီလူငယ်အသင်းကို ၅ဂိုးပြတ်ရှုံးနိမ့်

ထိုင်းနိုင်ငံမှာ  သွားရောက်လေ့ကျင့်နေတဲ့  မြန်မာ့လက်ရွေးစင် ယူ-၁၆ အမျိုးသား အသင်းဟာ ပထမဆုံး ခြေစမ်းပွဲအဖြစ် ချောင်ဘူရီ လူငယ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရာမှာ  ၅-၀ ဂိုးနဲ့ ရှုံးနိမ့်သွား တယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။ မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းဟာ စက်တင်ဘာ ၈ ရက်မှာ ဘန်ကောက်ယူနိုက်တက် လူငယ်အသင်း၊ စက်တင်ဘာ၁၁ ရက်မှာ ထိုင်းလက်ရွေးစင် ယူ-၁၆ အသင်း၊ စက်တင်ဘာ ၁၃ ရက်မှာ ဘန်ကောက် ခရစ်ယာန်ကောလိပ်လူငယ်အသင်းတွေနဲ့ ထပ်မံယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။
4 years Ago
Up