မြန်မာယူ-၁၆အမျိုးသမီးအသင်း

February 25, 2019

အာရှယူ-၁၆ အမျိုးသမီးခြေစစ်ပွဲတွင် မြန်မာနှင့် တရုတ် ပွဲဦးထွက် ယှဉ်ပြိုင်မည်

မန္တလေးမြို့မှာ  လက်ခံ​​ကျင်းပမယ့် AFC U-16 Women's Championship 2019 ဒုတိယအဆင့် ခြေစစ်ပွဲမှာ မြန်​မာအမျိုးသမီးအသင်းက ​ဖေ​ဖော်ဝါရီ ၂၇ ရက်​မှာ တရုတ်​အသင်းနဲ့ စတင်​ယှဉ်ပြိုင် ကစားရမှာဖြစ်​ပါတယ်​။ ပြိုင်​ပွဲကို ဖေဖော်ဝါရီ ၂၇ ရက်ကနေ မတ်လ ၃ ရက်‌နေ့အထိ ယှဉ်​ပြိုင်​ကစားကြမှာဖြစ်​ပြီး မြန်​မာ၊ တရုတ်​၊ ဘင်္ဂလား​ဒေ့ရှ်နဲ့ ဖိလစ်​ပိုင်တို့ ပါဝင်​ပါတယ်​။ မြန်​မာယူ၁၆ အမျိုးသမီးအသင်းဟာ အုပ်​စုဒုတိယပွဲစဉ်​အဖြစ် မတ်​လ ၁ ရက်​မှာ ဘင်္ဂလား​ဒေ့ရှ်၊ မတ်လ ၃ ရက်​မှာ ဖိလစ်​ပိုင်အသင်း​တွေနဲ့ ဆက်​ပြီး ယှဉ်​ပြိုင်​သွားရမှာ ဖြစ်​ပါတယ်​။ အာရှခြေစစ်ပွဲ ဒုတိယအဆင့်​မှာ အုပ်​စု ၂ ခွဲ ယှဉ်​ပြိုင်​ကစား​ကြမှာဖြစ်​ပြီး အုပ်​စုပထမနဲ့ ဒုတိယ ၂ သင်းစီက နောက်ဆုံးအဆင့် ယှဉ်​ပြိုင်​ကစားခွင့်​ရမှာ ဖြစ်​ပါတယ်​။ နောက်ဆုံးအဆင့်မှာ​တော့ အိမ်​ရှင်​ ထိုင်းအသင်းနဲ့အတူ ၂၀၁၇ ပြိုင်​ပွဲမှာ ချန်​ပီယံဖြစ်​ခဲ့တဲ့ ​မြောက်​ကိုရီးယား၊ တောင်​ကိုရီးယား၊ ဂျပန်တို့နဲ့အတူ စုစု​ပေါင်း ၈ သင်းနဲ့ ယှဉ်​ပြိုင်​ကစားကြမှာ ဖြစ်​ပါတယ်​။ ပြိုင်ပွဲအကြို ​ပွဲကြိုသတင်းစာရှင်းလင်းပွဲ အခမ်းအနားကို​တော့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ Royal Mingalar Hotel မှာ ကျင်းပပြုလုပ်သွားမယ်​လို့ သိရပါတယ်​။
2 years Ago

May 11, 2018

လာအိုကိုအနိုင်ယူပြီး မြန်မာယူ-၁၆ အမျိုးသမီးအသင်း ဗိုလ်လုပွဲတက်

၂၀၁၈ အာဆီယံ ယူ-၁၆ အမျိုးသမီးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်ကို ဒီနေ့ မွန်းလွဲပိုင်းက ယှဉ်ပြိုင်ကစားရာမှာ မြန်မာက လာအိုအသင်းကို ပယ်နယ်တီအဆုံးအဖြတ် ၇ ဂိုး ၆ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။ မြန်မာအမျိုးသမီးအသင်းဟာ အဖွင့်ပွဲစဉ်မှာ ဗီယက်နမ်နဲ့ ဂိုးမရှိသရေ၊ မလေးရှားကို ၂ ဂိုး ၁ ဂိုး၊ စင်ကာပူကို ၇ ဂိုး ၁ ဂိုး၊ ဖိလစ်ပိုင်ကို ၇ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး အုပ်စုဗိုလ်နဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာအသင်းအတွက် ပထမပိုင်း ပွဲချိန် ၂၈ မိနစ်မှာ မြတ်နိုးခင်က ဦးဆောင်ဂိုးသွင်းယူခဲ့ပေမယ့် ပွဲချိန် ၅၇ မိနစ်မှာ လာအိုအသင်းအတွက် ပင်မ်ဖမ်သောင်စဝမ်က ချေပဂိုးသွင်းယူခဲ့ပြီး တဂိုးစီ သရေကျခဲ့ပါတယ်။ ဒီ့နောက် ပွဲပြီးဆုံးချိန်အထိ နှစ်ဖက် ဂိုးထပ်သွင်းယူနိုင်ခဲ့ခြင်းမရှိလို့ ပင်နယ်တီအဆုံးအဖြတ် ရယူခဲ့တာပါ။ ပယ်နယ်တီ ပထမငါးလုံးမှာ တဖက် ၃ ဂိုးစီသွင်းနိုင်ပြီးနောက် မြန်မာက ၃ ဂိုးထပ်သွင်းနိုင်ပြီး လာအိုအသင်းရဲ့ နောက်ဆုံးပယ်နယ်တီ လွဲချော်ခဲ့လို့ မြန်မာအသင်း နောက်ဆုံးဗိုလ်လုပွဲ တက်ရောက်သွားနိုင်တာ ဖြစ်ပါတယ်။ တဖက် ဆီမီးဖိုင်နဲ့ပွဲစဉ်မှာတော့ ထိုင်းက ဗီယက်နမ်ကို ၅ ဂိုး ၄ ဂိုးနဲ့ အနိုင်ရရှိပြီး ဗိုလ်လုပွဲကို တက်ရောက်ခဲ့ပါတယ်။ မြန်မာနဲ့ ထိုင်းတို့ရဲ့ ဗိုလ်လုပွဲကိုတော့ လာမယ့် မေလ ၁၃ ရက်နေ့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
3 years Ago
Up