တရုတ်နိုင်ငံ Hailkou မြို့ရှိ Wutuanhe Sport ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ တရုတ် ယူ-၁၅ အသင်းက မြန်မာ ယူ- ၁၅ အသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။
မြန်မာ ယူ ၁၅ အသင်းဟာ ပထမပိုင်းတွင် ဂိုးမရှိသရေကစားနိုင်ခဲ့ပြီး တရုတ် ယူ -၁၅ အသင်းအတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၇၂ မိနစ်နဲ့ ၈၇ မိနစ်တို့မှာ သွင်းယူခဲ့တာပါ။
မြန်မာ့လက်ရွေးစင် ယူ-၁၅ အသင်းဟာ ဇူလိုင်လအတွင်း ကျင်းပမယ့် AFF U-15 Boys Championship 2019 ပြိုင်ပွဲ အကြိုပြင်ဆင်မှုအဖြစ်းခြေစမ်းပွဲကို ယှဉ်ပြိုင်ကစားခဲ့တာလို့ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။
2 years Ago