ဗီယက်နမ်နိုင်ငံမှာ မနေ့က ကန်သွားတဲ့ ယူ ၁၅ လေးနိုင်ငံ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ နောက်ဆုံးပွဲစဉ်မှာ မြန်မာလူငယ်အသင်းနဲ့ အိမ်ရှင် ဗီယက်နမ်အသင်းတို့ တဘက်နဲ့တဘက် ဂိုးမသွင်းနိုင်ဘဲ ဂိုးမရှိ သရေကျသွားပါတယ်။
ပြီးခဲ့တဲ့ပွဲစဉ်တွေမှာတော့ မြန်မာအသင်းဟာ တရုတ်တိုင်ပေနဲ့ ၂ ဂိုးစီသရေကျပြီး အင်ဒိုနီးရှားကို ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
ပွဲစဉ်တွေအားလုံးအပြီးမှာ အင်ဒိုနီးရှား ယူ ၁၅ အသင်းက ပထမ၊ အိမ်ရှင် ဗီယက်နမ်အသင်းက ဒုတိယ၊ မြန်မာယူ ၁၅ အသင်းက တတိယ၊ တရုတ်တိုင်ပေ ယူ ၁၅ အသင်းက စတုတ္ထ အသီးသီး ရပ်တည်ခဲ့ကြပါတယ်။
6 years Ago