မြန်မာယူ-၁၅အသင်း

July 25, 2019

အာဆီယံ ယူ-၁၅ ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲဝင်မည့် မြန်မာအသင်း ထိုင်းနိုင်ငံသို့ ထွက်ခွာ

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် AFF U-15 Boys Championship 2019 ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် မြန်မာ့လက်ရွေးစင် ယူ-၁၅ အမျိုးသားဘောလုံးအသင်းဟာ ဒီနေ့မနက်က ထိုင်းနိုင်ငံကို ထွက်ခွာသွားပါတယ်။ မြန်မာ့လက်ရွေးစင် ယူ-၁၅ အသင်းကို နည်းပြချုပ်အဖြစ် ဂျာမနီနိုင်ငံသား တော်စတန်ဖရန့်ခ်က တာဝန်ယူပြီး အုပ်ချုပ်နည်းပြအဖွဲ့ဝင် ၉ ဦး၊ ကစားသမား ၂၃ ဦးနဲ့ ဖွဲ့စည်းထားပါတယ်။ AFF U-15 Boys Championship 2019 ပြိုင်ပွဲကို ဇူလိုင် ၂၇ ရက်မှ သြဂုတ် ၉ ရက်အထိ ထိုင်းနိုင်ငံ ချွန်ဘူရီမြို့မှာ ကျင်းပမှာဖြစ်ပြီး မြန်မာအသင်းဟာ အုပ်စု က မှာ စင်ကာပူ၊ အရှေ့တီမော၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှားအသင်းတွေနဲ့ တအုပ်စုတည်း ကျရောက်နေပါတယ်။ အုပ်စု ခ မှာတော့ ထိုင်း၊ မလေးရှား၊ လာအို၊ ကမ္ဘောဒီးယား၊ ဘရူနိုင်းနဲ့ သြစတြေးလျတို့ ပါဝင်နေတာပါ။ မြန်မာအသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဇူလိုင် ၂၇ ရက်နေ့မှာ စင်ကာပူနဲ့ကစားပြီး ၂၉ ရက်နေ့မှာ တီမော၊ ၃၁ ရက်နေ့မှာ ဖိလစ်ပိုင်၊ သြဂုတ် ၂ ရက်နေ့မှာ ဗီယက်နမ်နဲ့ အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် သြဂုတ် ၄ ရက်နဲ့မှာ အင်ဒိုနီးရှားနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
2 years Ago
Up