ဗီယက်နမ်နိုင်ငံမှာ ကျင်းပတဲ့ နိုင်ငံတကာဖိတ်ခေါ် ဘောလုံးပြိုင်ပွဲမှာ ၀င်ရောက် ယဉ်ပြိုင်နေတဲ့ မြန်မာ ယူ ၂၁ လူငယ်လက်ရွေးစင်အသင်းဟာ နိုဝင်ဘာ ၂၄ ရက်နေ့ညက ဗီယက်နမ် ဟောင်အန်ဂယ်လိုင် ယူ ၂၁ အသင်းနဲ့ ပွဲစဉ်မှာ ၄ ဂိုး - ၃ ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။
မြန်မာ ယူ ၂၁ အသင်းဟာ တောင်ကိုရီးယား ယူ ၁၉ အသင်းနဲ့ ပထမပွဲစဉ်မှာ ၂ ဂိုးပြတ် ရှုံးနိမ့်ထားတဲ့အတွက် အုပ်စုတွင်းပွဲစဉ် နှစ်ပွဲစလုံးရှုံးပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခြင်းမရှိဘဲ ပြိုင်ပွဲကနေ ထွက်သွားရပြီ ဖြစ်ပါတယ်။
7 years Ago