မြန်မာမသန်စွမ်း

A d v e r t i s e m e n t With Us

June 22, 2019

တကမ္ဘာလုံးဆိုင်ရာ နည်းပညာပြိုင်ပွဲ မြန်မာမသန်းစွမ်းလူငယ်များ ယှဉ်ပြိုင်မည်

တကမ္ဘာလုံးဆိုင်ရာ မသန်စွမ်းလူငယ်များအတွက် အိုင်စီတီနည်းပညာသင်တန်းနဲ့ မသန်စွမ်းလူငယ်များရဲ့ ၂၀၁၉ ကမ္ဘာလုံးဆိုင်ရာ နည်းပညာစိန်ခေါ်မှူပြိုင်ပွဲ ပဏာမရွေးချယ်မှူပြိုင်ပွဲကို ပထမအကြိမ်အဖြစ် မြန်မာနိုင်ငံ မသန်စွမ်းသူတွေ ကိုရီးယားနိုင်ငံမှာ သွားရောက်ယှဉ်ပြိုင်သွားဖို့ ရှိနေပါတယ်။ မသန်စွမ်းလူငယ်များရဲ့ ၂၀၁၉ ကမ္ဘာလုံးဆိုင်ရာ နည်းပညာစိန်ခေါ်မှူ ပြိုင်ပွဲအတွက် ပဏာမ ရွေးချယ်မှူပြိုင်ပွဲကိုတော့ လာမယ့် နိုဝင်ဘာလ ကိုရီးယားနိုင်ငံ ဘူဆန်မြို့မှာ သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မယ့် ပမာဏာ လူရွေးချယ်ပွဲကိုတော့ ဇွန်လ ၂၀ ရက်နေ့က ရန်ကုန်မြို့ Hotel 99 မှာ ကျင်းပခဲ့ပြီး ၄ ယောက် ရွေးချယ်ခဲ့ပါတယ်။ ရွေးချယ်ခံရတဲ့ မသန်စွမ်းလူငယ်တွေကတော့ အမြင်အာရုံမသန်စွမ်း၊ ဉာဏ်ရည်မသန်စွမ်း၊ အကြားအာရုံ မသန်စွမ်းနဲ့ ကိုယ်လက်အင်္ဂါ မသန်းစွမ်းထဲက တဦးစီကို ရွေးချယ်ခဲ့တာပါ။
2 years Ago

October 11, 2018

အာရှအဆင့် ၅ နေရာတွင် ရပ်တည်နိုင်ခဲ့သည့် မြန်မာမသန်စွမ်း ဘော်လီဘောအသင်း

မြန်မာ မသန်စွမ်းထိုင်လျက်ဘော်လီဘောအသင်းဟာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ အာရှနိုင်ငံ ၄၃ နိုင်ငံအနက် အဆင့် ၅ နေရာမှာ ရပ်တည်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ မနေ့က အဆင့် ၅ နေရာလုပွဲအဖြစ် ဂျပန်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီးတော့ ၃ ပွဲ ၁ ပွဲနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ပထမပွဲငယ်မှာ ဒိုင်ဆုံးဖြတ်ချက်ဘက်လိုက်မှုတွေကြောင့် ရှုံးနိမ့်နေခဲ့ပေမယ့် ၃ ပွဲဆက် ပြန်လည်အနိုင်ရရှိခဲ့လို့ အာရှအဆင့် ၅ နေရာကို ရရှိခဲ့တာဖြစ်ပါတယ်။ အဖွင့်ပွဲစဉ်မှာ အိမ်ရှင်အင်ဒိုနီးရှားကို ၃ ပွဲပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ မြန်မာအသင်းဟာ ကာဇက်စတန်၊ အီရတ်အစရှိတဲ့ အသင်းတွေနဲ့ တွေ့ဆုံချိန်မှာတော့ အခက်အခဲများစွာရှိခဲ့ပြီး ရှုံးနိမ့်ခဲ့ပါတယ်။ လက်ရှိအဆင့် ရပ်တည်မှုဟာ ၂၀၁၄ ခုနှစ် ကိုရီးယား ပါရာဂိမ်းမှာ ရပ်တည်ခဲ့တဲ့ အဆင့် ၇ နေရာထက် မြင့်မားလာခဲ့တာ ဖြစ်ပါတယ်။ အသင်းရဲ့ ကစားသမားဖြစ်တဲ့ ဦးမင်းနိုင်ဦးကတော့ လက်ရှိအဆင့်ရပ်တည်မှုကို ကျေနပ်ပြီးတော့ မိမိနိုင်ငံအခြေအနေနဲ့ အခုရလဒ်ဟာ ပထမရသလို ပျော်ရွှင်မိတယ်လို့ ပြောကြားခဲ့ပါတယ်။
2 years Ago
Up