မြန်မာနည်းပြ ပြော

December 3, 2016

ထိုင်းအသင်းကို အနိုင်ယူသွားမည်ဟု မြန်မာနည်းပြ ပြော

မြန်မာနဲ့ထိုင်းအသင်းတို့ရဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ဒီဇင်ဘာ ၃ ရက်က နိုဗိုတယ်ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။ မြန်မာနည်းပြဂတ်က ထိုင်းကစားသမားတွေကို ချီးကျူးပြော ကြားခဲ့ပြီး အရှေ့တောင်အာရှရဲ့ အတောင့်တင်းဆုံးအသင်းဖြစ် တယ်လို့ ပြောပါတယ်။ မြန်မာအသင်းအနေနဲ့ ထိုင်အသင်းယှဉ်ရင် တဦးချင်း ခြေစွမ်းကွာဟချက်ရှိပေမယ့် အသင်းလိုက် ကစားပုံနဲ့စိတ်ဓာတ်ပိုင်းမှာတော့ ထိုင်းအသင်းထက်ပိုကောင်းတဲ့အတွက် ဒီအချက်ကိုအသုံးချပြီး ထိုင်းအသင်းကို အနိုင်ယူသွားမယ်လို့ ပြောပါတယ်။ ထိုင်းအသင်းနည်းပြ ကိုင်တီဆက်ကတော့ မြန်မာအသင်းဟာ အရင်ကထက် ပိုကောင်းလာတဲ့အတွက် ခက်ခက်ခဲခဲ ကစားရမှာဖြစ်ပြီး ပွဲကောင်းတပွဲဖြစ်လာလိမ့်မယ်လို့ဆိုပါ တယ်။ မြန်မာအသင်းနဲ့ ထိုင်းအသင်းတို့ဟာ အာဆီယံဖလားပြိုင်ပွဲမှာ သမိုင်းမှာ ၆ ကြိမ်တွေ့ဆုံခဲ့ဖူးပြီး မြန်မာအသင်းက အမြင့်ဆုံးသရေ ရလဒ်ပဲရယူနိုင်ခဲ့တာပါ။ မြန်မာ့လက်ရွေးစင်အသင်းဟာ ၁၉၈၃ ခုနှစ် စင်ကာပူဆီးဂိမ်းမှာ ထိုင်းကိုအနိုင်ရပြီး နောက်ပိုင်း လက်ရှိ အချိန်အထိ နိုင်ပွဲမရသေးကြောင့် ထိုင်းအသင်းကို အနိုင်မရတာဟာ ၃၃ နှစ်နီးပါး ကြာမြင့်နေပြီဖြစ်ပါတယ်။ မြန်မာနဲ့ ထိုင်းအသင်းတို့ရဲ့ အာဆီယံဆူဇူကီးဖလား အကြိုဗိုလ် လုပွဲပထမအကျော့ကို ဒီဇင်ဘာ ၄ ရက် ညနေ၆နာရီမှာ ယှဉ်ပြိုင် က စားကြမှာဖြစ်ပါတယ်။ သတင်း၊ဓာတ်ပုံ - လွှမ်းမိုးအောင်
5 years Ago

November 14, 2016

အိုမန်နှင့် ခြေစမ်းပွဲတွင် ပိုကောင်းသည့်ခြေစွမ်းရဖို့ ပြင်ဆင်ထားဟု မြန်မာနည်းပြ ပြော

အိုမန်နဲ့ ခြေစမ်းပွဲမှာ ပိုကောင်းတဲ့ ခြေစွမ်းရဖို့ ပြင်ဆင်ထားတယ်လို့ မြန်မာနည်းပြ ဂတ်ဆီဇီက ပြောပါတယ်။ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းဟာ ဒီနေ့မှာ အိုမန်အသင်းနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။ နိုဝင်ဘာ ၄ ရက်က ကစားခဲ့တဲ့ အင်ဒိုနီးရှားနဲ့ ဂိုးမရှိ သရေကျတဲ့ပွဲမှာ မြန်မာအသင်း ခြေစွမ်းပြသနိုင်ခြင်း မရှိခဲ့ပေမယ့် အိုမန်နဲ့ ခြေစွမ်းပွဲမှာတော့ ပိုကောင်းတဲ့ ကစားပုံရဖို့ ပြင်ဆင်ထားတယ်လို့ မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် ဂတ်ဆီဇီက ပြောဆိုလိုက်တာပါ။ “အိုမန်နဲ့ပွဲက ဆူဇူကီးဖလားအတွက် တကယ်ကောင်းမွန်တဲ့ ပြင်ဆင်မှုပါ။ နောက်ဆုံးခြေစမ်းပွဲလည်းဖြစ်လို့ ဒီပွဲမှာ ရလဒ်ကောင်းရဖို့ အရေးကြီးပါတယ်။ အိုမန်အသင်းက တဦးချင်းရော၊ အသင်းလိုက်ပါ ခြေစွမ်းကောင်းတဲ့အသင်းဖြစ်လို့ တောင့်တင်းတဲ့အသင်းပါ။ ဒီအချိန်က ဘောလုံးကိုပဲ အာရုံစိုက်ကစားရတော့မယ့်အချိန်ဖြစ်လို့ ကစားသမားတွေကို အကောင်းဆုံးယှဉ်ပြိုင်ကြဖို့ ပြောထားပါတယ်။ အိုမန်နဲ့ပွဲမှာ အင်ဒိုနီးရှားနဲ့ပွဲကထက် မတူတဲ့ ကစားပုံကို မြင်တွေ့ရမှာပါ။” အိုမန်နဲ့ပွဲမှာ ကစားပုံကောင်းရဖို့ထက် အနိုင်ရဖို့ပဲ ကြိုးစားကစားမယ်လို့လည်း အသင်းခေါင်းဆောင် ရန်အောင်ကျော်က ပြောပါတယ်။ “ကျနော့်အနေနဲ့ ပြောချင်တာကတော့ ပွဲရဲ့ရလဒ်ပေါ့နော်။ မြန်မာပရိသတ်တွေ လက်မခံနိုင်တာက ကျနော်တို့ ဒီလိုမျိုး သရေကျတာတို့၊ ရှုံးတာတို့ လက်မခံနိုင်ဘူး။ အသင်းတသင်းက နိုင်နေရင် အားလုံး အကုန်အဆင်ပြေတယ်။ ကစားပုံကောင်းတာ၊ မကောင်းတာထက် ရလဒ်ဦးတည်ကစားနေတော့ သရေရလဒ် ဖြစ်လာတော့ ကစားပုံ ကောင်းတယ်၊ မကောင်းဘူးဆိုတာ ပရိသတ် ဝေဖန်မှုတွေ ရှိတယ်ပေါ့။ ကျနော်တို့အနေနဲ့ မနက်ဖြန် အိုမန်နဲ့ပွဲကိုတော့ အကောင်းဆုံး ရင်ဆိုင်သွားမယ်၊ အကောင်းဆုံး အနိုင်ရလဒ်ရအောင်လို့ စွမ်းဆောင်သွားမယ်လို့ ပြောချင်ပါတယ်။” အိုမန်နည်းပြ ဂျူအမ်ရာမို့ကတော့ မြန်မာအသင်းဟာ နည်းစနစ်ပိုင်းနဲ့ ကြံ့ခိုင်မှုအပိုင်းတွေမှာ ကောင်းတဲ့ ကစားသမားတွေ ရှိပေမယ့် အကောင်းဆုံးကစားပြီး အနိုင်ယူမယ်လို့ ဆိုပါတယ်။ အိုမန်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ အိုင်ယာလန်နဲ့ ဂျပန်အသင်းတွေကို ၄ ဂိုး၊ ဂိုးမရှိနဲ့ နှစ်ပွဲစလုံး ရှုံးခဲ့ပါတယ်။ မြန်မာနဲ့ အိုမန်အသင်းတို့ဟာ ၂၀၁၁ ခုနှစ်မှာ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အဖြစ် ၂ ပွဲ ကစားခဲ့ရာမှာ မြန်မာအသင်းက ၂ ဂိုး ဂိုးမရှိ ရလဒ်တွေနဲ့ နှစ်ပွဲစလုံး ရှုံးနိမ့်ခဲ့ပါတယ်။
5 years Ago
Up