မြန်မာဓာတ်ပုံသတင်းထောက်

September 23, 2017

မြန်မာဓာတ်ပုံသတင်းထောက်ကို ၂ ဦး အာမခံဖြင့် ဘင်္ဂလားဒေ့ရှ် ပြန်လွှတ်

ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေဟာ  ဖမ်းဆီးထားတဲ့ မြန်မာဓာတ်ပုံသတင်းထောက် ၂ ယောက်ကို စက်တင်ဘာလ ၂၂ ရက် သောကြာနေ့က တရားရုံးအာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။ ဓာတ်ပုံသတင်းထောက်တွေဖြစ်တဲ့ မင်းဇေယျာဦးနဲ့ ခွန်လတ်တို့ဟာ ဂျာမန် အခြေစိုက် GEO မဂ္ဂဇင်းအတွက် ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ ဒုက္ခသည်တွေ အကြောင်းကို သွားရောက်ရိုက်ကူးရင်း ဒီလအစောပိုင်းက ကော့ဘဇားမှာဖမ်းဆီးခံခဲ့ရတာပါ။ သူတို့ အာမခံနဲ့ လွတ်သွားပါပြီလို့ အမည်မဖော်လိုသူ ရဲအရာရှိတယောက်က ပြောကြောင်း အေအက်ဖ်ပီသတင်းမှာ ဖြော်ပထားပါတယ်။ ဒီ ၂ ယောက်ကို ကောက်ခ်စ်ဘဇားခရိုင်က တရားရေးဆိုင်ရာ ရာဇဝတ် တရားသူကြီးက အာမခံပေးလိုက်တာလို့ အဖမ်းခံရသူ ၂ ယောက်ရဲ့ ရှေ့နေတစ်ယောက်ဖြစ်တဲ့ ဂျိုတီယာမွိုင် ဘာရူအာက အတည်ပြု ပြောဆိုပါတယ်။ သူတို့ ၂ ဦးကို မြန်မာပြည်ပြန်ဖို့ ခွင့်ပြုမှာလား ဆိုတာတော့ မရှင်းလင်းသေးပါဘူး။ သူတို့ ၂ ဦးဟာ နိုင်ငံထဲဝင်ရောက်ဖို့ သတင်းထောက်ဗီဇာအစား ခရီးသွားဗီဇာကို သုံးစွဲခဲ့တာကြောင့် အယောင်ဆောင်မှု၊ အချက်အလက်အမှားတွေ ပေးမှုတို့နဲ့ ဖမ်းဆီးခံခဲ့ရတာလို့ ရှေ့နေက ပြောပါတယ်။
4 years Ago

September 16, 2017

မြန်မာဓာတ်ပုံသတင်းထောက် ၂ ဦး ပြန်လွှတ်ပေးရန် စီပီဂျေ တောင်းဆို

မြန်မာ ဓာတ်ပုံသတင်းထောက်တွေဖြစ်တဲ့ ကိုမင်းဇေယျာဦးနဲ့ ကိုခွန်လတ်တို့ကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ဖမ်းဆီးထိမ်းသိမ်းထားရာကနေ လွှတ်ပေးဖို့ သတင်းသမားများ ကာကွယ်ရေးကော်မတီ (စီပီဂျေ) က တောင်းဆိုလိုက်ပါတယ်။ သူတို့ နှစ်ယောက်လုံးဟာ ဂျာမဏီနိုင်ငံ အခြေစိုက် GEO မဂဇင်းအတွက် အလုပ်လုပ်ပေးနေသူတွေဖြစ်ပြီး ဘင်္ဂလားနယ်စပ်က ဒုက္ခသည် စခန်းတွေကို ဓာတ်ပုံရိုက်ဖို့ သွားရောက်ခဲ့တာပါ။ သူတို့ကို သူလျှိုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ကော့ဘက်ဇား နယ်ထဲမှာ စက်တင်ဘာ ၇ ရက်နေ့က ဖမ်းဆီးထားတာပါ။ အမှုတွေကို ရုပ်သိမ်းပေးဖို့နဲ့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေအနေနဲ့ သတင်းသမားတွေကို ရာဇ၀တ်မှုနဲ့ အရေးမယူသင့်ဘူးလို့ CPJ ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ မြန်မာ ဓာတ်ပုံ သတင်းထောက် ၂ ယောက်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို သတင်းထောက်ဗီဇာနဲ့မဟုတ်ဘဲ ကမ္ဘာလှည့် ခရီးသည်ဗီဇာနဲ့ ၀င်လာပြီးတော့ ဓာတ်ပုံ သတင်းရိုက်ယူတာတွေ လုပ်တာကြောင့် ပြည်ဝင်ခွင့်ဗီဇာ ချိုးဖောက်မှုနဲ့ တရားစွဲထားတာ ဖြစ်တယ်လို့ GEO မဂဇင်း တာဝန်ရှိသူက ပြောကြောင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။ သူတို့အတွက် အာမခံလျှောက်ထားတာကိုလည်း တရားရုံးက ပယ်ချလိုက်တယ်လို့ ဆိုပါတယ်။ ဓာတ်ပုံ သတင်းထောက်တွေဖြစ်တဲ့ ကိုမင်းဇေယျာဦးနဲ့ ကိုခွန်လတ်တို့ နှစ်ယောက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်စ်ဘဇားမြို့မှာ ဖမ်းဆီးတရားစွဲဆိုထားပြီး ဘာအတွက် ဖမ်းတယ်ဆိုတာ မေးမြန်းထားကြောင်း နိုင်ငံတေ် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။
4 years Ago

မြန်မာဓာတ်ပုံသတင်းထောက် ၂ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး

မြန်မာ ဓာတ်ပုံသတင်းထောက်တွေဖြစ်တဲ့ ကိုမင်းဇေယျာဦးနဲ့ ကိုခွန်လတ်တို့ကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းထားလိုက်ပါတယ်။ သူတို့ နှစ်ယောက်လုံးဟာ ဂျာမဏီနိုင်ငံ အခြေစိုက် GEO မဂ္ဂဇင်းအတွက် အလုပ်လုပ်ပေးနေသူတွေဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နယ်စပ်က ဒုက္ခသည် စခန်းတွေကို ဓာတ်ပုံရိုက်ဖို့ သွားရောက်ခဲ့တာပါ။ သူတို့ကို သူလျှိုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ကော့ဘက်ဇား နယ်ထဲမှာ စက်တင်ဘာ ၇ ရက်နေ့က ဖမ်းဆီးလိုက်တာပါ။ မြန်မာဓာတ်ပုံ သတင်းထောက် ၂ ယောက်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို သတင်းထောက်ဗီဇာနဲ့မဟုတ်ဘဲ ကမ္ဘာလှည့်ခရီးသည်ဗီဇာနဲ့ ၀င်လာပြီးတော့ ဓာတ်ပုံ သတင်းရိုက်ယူတာတွေ လုပ်တာကြောင့် ပြည်ဝင်ခွင့်ဗီဇာ ချိုးဖောက်မှုနဲ့ တရားစွဲထားတာ ဖြစ်တယ်လို့ GEO မဂ္ဂဇင်း တာဝန်ရှိသူက ပြောကြောင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။ သူတို့အတွက် အာမခံလျှောက်ထားတာကိုလည်း တရားရုံးက ပယ်ချလိုက်တယ်လို့ ဆိုပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးရဲ့ လူမှုကွန်ရက် Twitter စာမျက်နှာပေါ်မှာတော့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သတင်းထောက် နှစ်ယောက်အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရကို မေးမြန်းမယ်လို့ ရေးသားထားပါတယ်။
4 years Ago
Up