မြန်မာနိုင်ငံ လမ်းမတွေပေါ်မှာ ယာဉ်မတော်တဆမှုနဲ့ နေ့စဉ် လူ၁၁ ဦး သေဆုံးနေပြီး အရှေ့တောင်အာရှမှာ ယာဉ်မတော်တဆမှု အဖြစ်ဆုံးနိုင်ငံဖြစ်နေပြီလို့ အီတလီအရပ်ဘက် အဖွဲ့တခုက ထုတ်ပြန်လိုက်ပါတယ်။
အီတလီနိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ ယာဉ်မတော်တဆမှုနဲ့ သေဆုံးမှု လျှော့ချရေး NGO အဖွဲ့ APBABC ရဲ့ Director Corporate Relations ဖြစ်သူ Ms. Zita Schellekens က ထုတ်ပြောလိုက်တာဖြစ်တယ်လို့ ပြန်ကြားရေးဝက်ဘ်ဆိုဒ်မှာ ရေးသားဖော်ပြပါတယ်။
ခရီးသွားပြည်သူတွေနဲ့ ကားမောင်းတဲ့သူတွေ လိုက်နာရမယ့်အချက် ၇ ချက်ကိုလည်း အဲ့ဒီအဖွဲ့က ထုတ်ပြန်လိုက်ပြီး ကားပေါ်ပါတဲ့ လုံခြုံရေးခါးပတ်ကြိုးပတ်ဖို့၊ ဦးထုတ်ဆောင်းဖို့၊ သတ်မှတ်အရှိန်ထက် ပို မမောင်းကြဖို့၊ ကားမောင်းနေတုန်း ဖုန်းမပြောဖို့၊ အများသုံးယာဉ်တွေမှာ ကုန်ပစည်းမတန်တဆ မတင်ကြဖို့၊ လူကူးမျဉ်းကြားက လမ်းကူးဖို့ စတဲ့ အချက်တွေ ပါဝင်ပါတယ်။
Ms. Zita Schellekens က ကားတင်သွင်းမှု စည်းမျဉ်းတွေ ဖြေလျှော့လိုက်တာကလည်း ပြည်တွင်းကို ကားတွေ အများကြီး ဝင်ရောက်လာပြီး ယာဉ်ကြော ပိတ်ဆို့မှုတွေ၊ ယာဉ် အန္တရာယ်၊ လမ်းအန္တရာယ်တွေ ပိုများလာတယ်။ အတွေ့အကြုံမရှိဘဲ ကားဝယ်စီးနိုင်တဲ့ ယာဉ်မောင်းအမျိုးသား အမျိုးသမီးတွေ များလာတယ်။ ဒါတွေဟာ အန္တရာယ်ရဲ့ အစိတ်အပိုင်းတခုမှာ အဓိကပါဝင်နေတယ်လို့ ဆိုပါတယ်။
5 years Ago