မြန်မာငလျင်ကို ဗြိတိန်တော်ဝင်ဇနီးမောင်နှံ ခံစားခဲ့ရ

A d v e r t i s e m e n t With Us

April 14, 2016

မြန်မာငလျင်ကို ဗြိတိန်တော်ဝင်ဇနီးမောင်နှံ ခံစားခဲ့ရ

မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကို  အိန္ဒိယနိုင်ငံမှာ တရားဝင်အလည်အပတ်ရောက်ရှိနေတဲ့ ဗြိတိန်တော်ဝင် မင်းသား ၀ီလျံနဲ့ ကြင်ရာတော် ကိတ်တို့လည်း သိရှိခံစားခဲ့ရတယ်လို့ ယူကေ သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ဗြိတိန်တော်ဝင်ဇနီးမောင်နှံဟာ  အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်မှာရှိတဲ့  ခါဇီရန်ဂါအမျိုး သားပန်းဥယျာဉ်မှာ လည်ပတ်နေစဉ် အိမ်နီးချင်း မြန်မာနိုင်ငံက ငလျင်တုန်ခါမှုကို သိရှိခံစားခဲ့ရတာလို့ လို့ဆိုပါတယ်။ အိန္ဒိယမှာ တရားဝင်အလည်အပတ် ခရီးရောက်ရှိနေတဲ့ မင်းသား ၀ီလျံနဲ့ မင်းသမီး ကိတ်တို့  ဘေးကင်းလုံခြုံ မှုရှိတဲ့အကြောင်းလည်း တော်ဝင်ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ကြေညာထားတယ်လို့လည်း ထင်ပေါ်ကျော်ကြားသူတို့ အကြောင်းသတင်းတွေဖော်ပြတဲ့ OK UK သတင်းမှာရေးပါတယ်။ မနေ့ညက အင်အားပြင်းမြေလျင်တခုမြန်မာနိုင်ငံတွင်းကို ဗဟိုပြုလှုပ်ခတ်ခဲ့ရာမှာ အိမ်နီးချင်း အိန္ဒိယ ဘင်္ဂလားဒေ့ရှ်နဲ့ တရုတ်နိုင်ငံတွေကလည်း ငလျင်အဖျားခတ်ပြီး သိရှိခံစားခဲ့ရတာပါ။
5 years Ago
Up