မြန်မာကာချုပ်

A d v e r t i s e m e n t With Us

April 26, 2017

မြန်မာကာချုပ် AD-62 လေယာဉ်ဖြင့် ဗီယင်နာမြို့တ၀ိုက်လှည့်လည်ပျံသန်းကြည့်ရှု -(ဓာတ်ပုံ)

ဥရောပတိုက်က သြစတြီးယားနိုင်ငံကို အလုပ်သဘောချစ်ကြည်ရေးခရီးရောက်ရှိနေတဲ့ မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အဖွဲ့ဟာ ဧပြီ ၂၄ ရက်က ဒိုင်းမွန်းလေယာဉ်ထုတ်စက်ရုံကို သွားရောက်ကြည့်ရှုလေ့လာခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ ဆွေးနွေးလေ့လာမှုတွေအပြီးမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ ဒိုင်းမွန်းကုမ္ပဏီ ထုတ်လုပ်တဲ့  AD-62 လေယာဉ်၊ အခြားအဖွဲ့ဝင်တွေက ကုမ္ပဏီ ထုတ်လေယာဉ်တွေနဲ့ ဗီယင်နာမြို့တ၀ိုက် လှည့်လည်ပျံသန်းကြည့်ရှုခဲ့တယ်လို့ သတင်းမှာဖော်ပြပါတယ်။
4 years Ago

November 4, 2016

မြန်မာကာချုပ် တရုတ်ရေငုပ်သင်္ဘောအား ကြည့်ရှုလေ့လာ (ဓာတ်ပုံ)

  တရုတ်နိုင်ငံကို  ချစ်ကြည်ရေးခရီးသွားရောက်တဲ့  မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ကွမ်ကျိုးမြို့ရှိ တရုတ်ရေတပ်သင်္ဘောကျင်းကို သွားရောက်ပြီး  ဆိပ်ကမ်းမှာ  ဆိုက်ကပ်ထားတဲ့  ရေငုပ်သင်္ဘောကို ကြည့်ရှုလေ့လာခဲ့ပါတယ်။ မြန်မာတပ်မတော်အကြီးအကဲဟာ တရုတ်နိုင်ငံချစ်ကြည်ရေးခရီးစဉ်အတွင်း တရုတ် စစ်ဦးစီးချုပ်နဲ့ စစ်ဘက်ဆိုင်ရာအကြီးအကဲတွေအပြင် တရုတ်သမ္မတ ရှီကျင်ပင်းနဲ့လည်း တွေ့ဆုံခဲ့ပြီး မနေ့ညနေပိုင်းက  မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာပါတယ်။ ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
4 years Ago
Up