မြန်မာကစားသမားများ

March 9, 2019

One Championship ပြိုင်ပွဲတွင် မြန်မာကစားသမားများ အနိုင်ရ

ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံအားကစားရုံမှာ မတ်လ ၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ One Championship ပြိုင်ပွဲမှာ မြန်မာကစားသမား ၃ ယောက်လုံး အနိုင်ရခဲ့ပါတယ်။ ချင်းအမျိုးသား တီရဲလ်ထန်က ကမ္ဘောဒီယားက လက်ဝှေ့သမားကို ၃ ချီအပြည့် ကစားခဲ့ပြီး အနိုင်ရခဲ့တာပါ။ တီရဲလ်ထန်က သူ့ရဲ့ ပထမဆုံး ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပြိုင်ပွဲမှာ မနော်ရဲ့ ဗိုလ်အောင်ဒင် သီချင်းနဲ့ ပွဲထွက်လာခဲ့တာပါ။ အမေရိကန်မှာ နေထိုင်တဲ့ ချင်းတိုင်းရင်းသား တီရဲလ်ထန်ကို အောင်လအန်ဆန်းက လေ့ကျင့်ပေးထားတာပါ။ မြန်မာကစားသမား ဖိုးသော်ကတော့ အင်ဒိုနီးရှားက လီဂိုဝိုကို တချီတည်းနဲ့ အနိုင်ရခဲ့ပါတယ်။ ဖိုးသော်က တွဲလုံး လက်သီးတွေနဲ့ ထိုးပြီး ပြိုင်ဘက်ကို အနိုင်ယူခဲ့တာပါ။ ပရိသတ်တွေ အားပေးလို့ အနိုင်ရတာလို့ ဖိုးသော်က ပြောဆိုသွားပါတယ်။ ကယန်းတိုင်းရင်းသူလေး အန်တိုနီယာက မလေးရှား ပြိုင်ဘက်ကို အနိုင်ရခဲ့ပါတယ်။ မြန်မာရဲ့ ပထမဆုံး ကိုယ်ခံပညာ သိုင်းပေါင်းစုံ ကစားသမား အန်တိုနီယာဟာ မလေးက ပြိုင်ဘက်ကို ၂ ချီမှာ ဒိုင်ပွဲရပ်နဲ့ အနိုင်ယူခဲ့တာပါ။
2 years Ago
Up