မြစ်​ဆုံ​ရေကာတာစီမံကိန်း ကန့်​ကွက်သည့် စတစ်​ကာကမ်​ပိန်း မကွေးမြို့တွင် ပြုလုပ်

February 24, 2019

မြစ်​ဆုံ​ရေကာတာစီမံကိန်း ကန့်​ကွက်သည့် စတစ်​ကာကမ်​ပိန်း မကွေးမြို့တွင် ပြုလုပ်

မ​ကွေးမြို့ ပြည်​​တော်​သာလမ်းမှာ ​ဖေ​ဖော်​ဝါရီ ၂၃ ရက်​​နေ့ ည​နေပိုင်းက ဧရာဝတီမြစ်​ဆုံ​ရေကာတာ တည်​​ဆောက်​​ရေးလုပ်​ငန်းကို ကန့်​ကွက်​တဲ့ စတစ်​ကာကန်​ပိန်း ပြုလုပ်ခဲ့ပါတယ်။ ဒီလှုပ်ရှားမှုကို မ​ကွေးတက္ကသိုလ်​​ကျောင်းသားသမဂ္ဂများနဲ့ အရပ်​ဘက်​လူမှုအဖွဲ့စည်း​တွေ ပူး​ပေါင်းဆောင်ရွက်တာ​​လို့ သိရပါတယ်​။ မ​ကွေးမြို ပြည်​သူ​တွေရဲ့ သ​ဘောထားဆန္ဒကို တ​နိုင်​ငံလုံး သိရှိနိုင်ဖို့ ဒီကမ်​ပိန်းက​နေ တဆင့် ထုတ်​​ဖော်​ပြသလိုက်​တာလို့ မြစ်​​ကွေ့ဧရာ လူမှုကွန်​ရက်​မှ ဦး​ဆောင်​သူ ဦးခင်​​မောင်​ကြည်​က ပြောပါတယ်။ ကမ်းပိန်ပြုလုပ်သူတွေဟာ လမ်း​ပေါ်မှာ သွားလာ​နေတဲ့ ကား၊ ဆိုင်​ကယ်​၊ သုံးဘီးယာဉ်​​တွေကို စတစ်​ကာ ၁၀၀၀ ​​ကျော်​ကပ်​​ပေးခဲ့ပြီး ပြည်​​တော်​သာလမ်းထိပ်​ ကမ်းနားလမ်းမှာ မြစ်​ဆုံစီမံကိန်းကို ကန့်​ကွက်​တဲ့ "SAVE OUR MYITSONE မြစ်​ဆုံဆည်​အလိုမရှိ" ဗီနိုင်းပိုစတာ စိုက်​ထူခဲ့ကြပါတယ်။ ပြည်​သူ​တွေ မလိုလားတာကို အစိုးရအ​နေနဲ့ လုပ်​မယ်​မထင်​ဘူးလို့ ယုံကြည်​ထားကြောင်း မ​ကွေးတက္ကသိုလ်​ ​ကျောင်းသားသမဂ္ဂမှ ​မောင်​သန့်​​ဇော်​မျိုးက ပြောပါတယ်​။ မြစ်​ဆုံစီမံကိန်းဟာ အရင်​အစိုးရ သမ္မတဦးသိန်းစိန်​ လက်​ထက်​ကလည်း မြန်​မာ တ​နိုင်​ငံလုံးက ဝိုင်းဝန်းကန့်​ကွက်​ခဲ့တဲ့အတွက်​ ပြည်​သူ့ဆန္ဒကို လိုက်​​လျောပြီး ရပ်​ဆိုင်း ​ပေးထားတာပါ။
2 years Ago
Up