မြစ်ကြီးနားတွင်

April 28, 2018

မြစ်ကြီးနားတွင် မူးယစ်တရားခံပြေး ပြန်လည်ခုခံသဖြင့် အသေပစ်ခတ်ဖမ်းဆီး

  မြစ်ကြီးနားမြို့မှာ မူးယစ်တရားခံပြေးအား ဖမ်းဆီးရာမှာ လုပ်သေနတ်နဲ့ ပြန်လည်ခုခံတာကြောင့် အသေပစ်ခတ်ဖမ်းဆီးရမိခဲ့တယ်လို့ ရဲမှူးက ပြောပါတယ်။ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နောင်နန်းကျေးရွာ အုပ်စု၊ ၁၀ မိုင်ကျေးရွာမှာ ဧပြီ ၂၇ ရက် မနက် ၁၀ နာရီအချိန်လောက်က မူးယစ်မှုမှ ထွက်ပြေးလွတ်မြောက်နေတဲ့ တရားခံပြေးအား ဖမ်းဆီးရာ လုပ်သေနတ်နဲ့ ပြန်လည်ခုခံတာကြောင့် အသေပစ်ခတ်ဖမ်းဆီးရမိခဲ့တယ်လို့ မြစ်ကြီးနားမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းဦးက ပြောပါတယ်။ မြစ်ကြီးနားမြို့မ ရဲစခန်းမှ မူးယစ်ဆေးဝါးတရားခံပြေး ခေါင်ဇောင်း (ခ) မုန်ရာ(ခ)ဒန်ဆိုင်း ဟာ မြစ်ကြီးနားမြို့ နောင်နန်းကျေး ရွာအုပ်စု ၁၀ မိုင်ကျေးရွာမှာ ရောက်ရှိနေကြောင်း သတင်းအရ ရဲတပ်ဖွဲ့ဝင်တွေက နေအိမ်မှာ သွားရောက်ဖမ်းဆီးစဉ် M-23 လုပ်သေနတ်ကိုင်ဆောင်ပြီး တွေ့ရှိရတယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေက သေနတ်အား မိုးပေါ်ထောင်ဖောက်ကာ လက်နက်ချအဖမ်းခံဖို့ သတိပေးပေမယ့် အဖမ်းမခံဘဲ ပြန်လည်ပစ်ခတ်လို့ ရဲတပ်ဖွဲ့က ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် ဒဏ်ရာရရှိ သေဆုံးခဲ့တာလို့ မြစ်ကြီးနားမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဦးက ပြောပါတယ်။ သေဆုံးသွားတဲ့ ခေါင်ဇောင်း ကိုင်ဆောင်တဲ့  လုပ်သေနတ် ၁ လက်၊ ၅ ဒသမ ၅၆ ကျည် ၄၂ တောင့်၊ မိန်းမကိုင်ပစ္စတို ၁ လက်နဲ့ ကျည်အိမ် ၂ ခု၊ သေနတ်မှာ စွပ်ပစ်ရတဲ့ ဗုံးသီး ၁ ခု၊ ကျည် ခွံ ၃ ခု၊ ကျည်ဆန်ထိပ်ဖူး ၂ ခု၊ ကျည်အ ၁ တောင့်တို့ကို နေအိမ်မှာ ရှာဖွေသိမ်းဆည်းရမိခဲ့တယ်လို့ မြစ်ကြီးနား မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းဦးက ပြောပါတယ်။ သေဆုံး တရားခံပြေး ခေါင်ဇောင်း (ခ) မုန်ရာ (ခ) ဒန်ဆိုင်းအား မြစ်ကြီးနား အထွေထွေရောဂါကုဆေးရုံကြီးကို ရင်ခွဲစစ်ဆေးဖို့ ရဲဆေးစာနဲ့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ ကိုကိုလင်း(အင်းတော်)
3 years Ago
Up