မြစ်ရေတက်

July 20, 2018

ရေးမြို့၌ မြစ်ရေလျှံမှုကြောင့် လူဦးရေ ၆၀၀ ခန့် ရေလွတ်ရာ ပြောင်းရွှေ့

မွန်ပြည်နယ် ရေးမြို့နယ်မှာ မြစ်ရေလျှံမှုကြောင့် အနိမ့်ပိုင်းနေထိုင်တဲ့ လူနေအိမ်ရပ်ကွက်နဲ့ ဈေးတွေမှာ ဒီနေ့လယ်ပိုင်းလောက်က ရေစတင်ဝင်ရောက်လာလို့ အိမ်ခြေ ၁၀၀ ကျော်က လူဦးရေ ၆၀၀ လောက် ရေလွတ်ရာကို ပြောင်းရွှေ့နေရပါတယ်။ အခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေချောင်းဖျားကနေ ဆင်းလာတဲ့ ရေတွေက၁ နာရီအတွင်း ၂ ပေ ၃ ပေအထိ မြင့်တက်လာနေလို့ ဒေသခံတွေ စိုးရိမ်ပြီး ရေလွတ်ရာ ပြောင်းရွှေ့နေကြတာလို့ ပြောပါတယ်။ “ရေက တဖြည်းဖြည်းနဲ့ တက်လာလို့ နေဖို့အဆင်မပြေဘူး။ မိသားစုအလိုက် ပြေးလာရတယ်။ အခုလတ်တလော အားကစားရုံမှာ ခိုလှုံနေရတယ်။ တနိုင်တပိုင်ပဲ ပစ္စည်းတွေ ရပါတယ်” လို့ ရေဘေးသင့်ပြည်သူ ဦးကိုမင်းဦးက ပြောပါတယ်။ ဒါ့အပြင် တိရစ္ဆာန်နဲ့ ဈေးဆိုင်ခန်းတွေပါ ဆုံးရှုံးမှုမရှိအောင် အခုကတည်းက စတင်ပြောင်းရွှေ့နေကြတာလို့ ဆိုပါတယ်။ ယာယီကယ်ဆယ်ရေးစခန်း လတ်တလော ထားရှိခြင်း မရှိသေးတာကြောင့် ရေဘေးသင့် ပြည်သူတွေဟာ ရေးမြို့နယ် အားကစားရုံနဲ့ နီးစပ်ရာ အိမ်တွေမှာ အိမ်ထောင်စု ၁၃၅ စုက လူဦးရေ ၅၇၁ ဦး ခိုလှုံနေကြတယ်လို့ သိရပါတယ်။ နေမျိုးထွဋ် (ရေး)
3 years Ago
Up