မြစ်ရေစီးအား

March 24, 2019

မြစ်ရေစီးအားကြောင့် တံတားတစင်းလုံး မျောပါ (ရုပ်သံ)

ပြင်းထန်တဲ့ မြစ်ရေစီးအားကြောင့် တံတားတစင်းလုံးရေနဲ့ မြောပါပျက်စီးသွားခဲ့တဲ့ ပုံရိပ်တွေကို လူမှုကွန်ရက်ပေါ် တင်ထားတဲ့ ဗွီဒီယိုဖိုင်တခုမှာ မြင်တွေ့ခဲ့ရပါတယ်။ ဒီဖြစ်ရပ်ဟာ အမေရိကန်နိုင်ငံ နီဘရာစကာ ပြည်နယ် နော့ကောင်တီမှာ ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်က ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဗွီဒီယိုဖိုင်အရ မြစ်အထက်ပိုင်းမှာ ရှိတဲ့ ဆည်တခု ကျိုးပျက်ခဲ့ရာမှ နီယိုဘရာရာ မြစ်ရေကြီးခဲ့တာဖြစ်ပြီး မြစ်ရေကြောင့် မာမွန်ခရိ တံတားရေနဲ့ မျောပါသွားခဲ့ရတာလို့ သိရပါတယ်။ နီဘရာစကာပြည်နယ်ဟာ “Bomb Cyclone” လို့ခေါ်တဲ့ ဆောင်းနှောင်းမုန်တိုင်းဒဏ်ကို ခံနေရပြီး မုန်တိုင်းကြောင့် နှင်းမုန်တိုင်းတွေတိုက်ခိုက်တာ၊ ရေကြီးတာနဲ့ လေဆင်နှာမောင်း တိုက်ခိုက်တာတို့ ဖြစ်ပေါ်နေပါတယ်။
2 years Ago
Up