မြစ်သာမြစ်

A d v e r t i s e m e n t With Us

December 17, 2018

မြစ်သာမြစ် အရှေ့ဘက်ကမ်းရွာများအတွက် သုံးရာသီတံတား ဆောက်ပေးရန် တောင်းဆို

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ အရှေ့ဘက်ကမ်း ကျေးရွာတွေအတွက် မိုးကာလတွေမှာ မြစ်ကူးဖို့ ခက်ခဲတာကြောင့် အစိုးရအနေနဲ့ သုံးရာသီ အသုံးပြုနိုင်မယ့် တံတားကြီးတစင်း ဆောက်လုပ်ပေးဖို့ ဒေသခံတွေက တောင်းဆိုခဲ့ကြပါတယ်။ "မြစ်သာမြစ် အရှေ့ခြမ်းကူးဖို့ ကျနော်တို့ ကိုယ့်အားကိုယ်ကိုး တံတား နှစ်စဉ်တည်ဆောက်ရတယ်။ ကျေးရွာသူ ကျေးရွာသားတွေ ကိုယ်တိုင် ဝါးခုတ်၊ မျောခုတ်၊ ကပ်ရက် လုပ်ကြတယ်။ မိုးကုန် ရေနည်းတာနဲ့ ကိုယ်တိုင် ဆင်းဆောက်ကြတယ်။ ဒီလိုတံတားမဆောက်ရင် ကူးတို့နဲ့ကူးတာ အဆင်မပြေဘူး။ ဖြစ်နိုင်ရင် နွေမိုးဆောင်း ကူးနိုင်မယ့် တံတားတော့ လိုအပ်လို့ လိုချင်တယ်" လို့ ပေါက်တောရွာက အုက်ချုပ်ရေးမှူး ဦးခင်မောင်ထွေးက ပြောပါတယ်။ ကလေးမြို့ မြစ်သာမြစ် အရှေ့ခြမ်းမှာ ကျေးရွာ ၁၃ ရွာ ရှိတယ်လို့ သိရပြီး အဲ့ဒီဒေသထွက်ကုန်တွေကတော့ ပဲအမျိုးမျိုးနဲ့ စပါးထွက်ကုန်တွေပဲ ဖြစ်ပါတယ်။ မြစ်ရှေ့ကျေးရွာတွေအနေနဲ့ နွေဆောင်းရာသီတွေမှာ အဆင်ပြေပေမယ့် မိုးရာသီမှာတော့ မြို့ပေါ်တက်ဖို့ အခက်အခဲက နှစ်စဉ် ကြုံတွေ့နေကြရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ "ကျနော်တို့ ပေါက်တော ၂ ရွာပေါင်းပြီး ၁၆ ရက်နေ့က ကိုယ်ထူကိုယ်ထ တံတားခင်းတယ်။ အရှည်ပေ ၅၉၀ ရှိတယ်။ အကျယ် ၅ ပေရှိတယ်။ ဒီတံတားလေးနဲ့ ပေါက်တော၊ ကင်မွန်းခြုံ၊ အင်းဒင်၊ ကျားမင်း၊ အူဒူ၊ ဥယျာဉ် အဲ့ဒီရွာတွေက ဆောင်းနွေ အခမဲ့ အသုံးပြုနိုင်တယ်။ မိုးရာသီနဲ့ မြစ်ရေများချိန်ကျရင်တော့ ကူးတို့နဲ့ကူးရတယ်။ ဆိုင်ကယ်တစီးနဲ့ လူတယောက်ကို အသွားအပြန် ၁၅၀၀ လောက်ကုန်တော့ မြစ်ရှေ့ဘက်နေသူတွေ အခက်အခဲ ဖြစ်ကြပါတယ်" လို ဦးခင်မောင်ထွေးက ဆက်ပြောပါတယ်။ မြစ်သာမြစ် အရှေ့ကမ်းရွာတချို့အနေနဲ့လည်း နီစပ်ရာနေရာတွေမှာ မြစ်ရေနည်းချိန် ဝါးတံတားထိုး အသုံးပြုနေကြဆဲဖြစ်ပြီး ကျေးရွာတွေက လူဦးရေ ၁ သိန်းခွဲလောက် မြစ်ကိုဖြတ်ပြီး ကူးနေရတယ်လို့ ဆိုပါတယ်။ သတင်းနှင့်ဓာတ်ပုံ - မင်းရဲစစ်နိုင်  
2 years Ago

March 6, 2018

ကလေးမြို့ မြစ်သာမြစ်ကမ်းထိန်းသိမ်းရေးလုပ်ငန်း ကမ်းပါးပြိုကျ၍ လုပ်သား ၁ ဦးမြေပိသေဆုံး

  ကလေးမြို့နယ် ဖောင်ကူးနဲ့ ကျီကုန်းကြားမှာ မတ် ၆ ရက် နေ့လယ်ပိုင်းက မြစ်သာမြစ်ကမ်းပါး မြေထိန်းနံရံလုပ်ငန်းခွင် မြေပြိုကျမှု ဖြစ်ပွားခဲ့ပြီး လုပ်သားတစ်ဦးသေဆုံးခဲ့ကာ တစ်ဦးဒဏ်ရာ ရရှိခဲ့ပါတယ်။ လက်ရှိလုပ်ကိုင်နေတဲ့ လုပ်သားတဦးက "နေ့လယ် တစ်နာရီ ၁၅ လောက်မှာ ထမင်းစားပြီး ခဏနားနေတာကနေ အလုပ်ပြန်ဆင်းချိန် ဖြစ်သွားတာ။ သံခြင်းချဖို့ သံငုတ်ရိုက်နေတုန်း ကမ်းပါးပြိုကျတာ။ အဲ့ဒီမှာ ကမ်းပါးပေါ်တင်ထားတဲ့ သံချောင်းတွေရော ပြိုကျတဲ့အထဲ ပါလာတာ" လို့ ပြောပါတယ်။ ကလေးမြို့မရဲစခန်း နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဗိုလ်ဗိုလ်ဝင်းထွဋ်က “သေဆုံးသူ ကတော့ ကလေးမြို့ မြို့လှရပ်ကွက်နေ ရှန်အုပ်လျှံဆိုသူ နေ့စားအလုပ်သမားတဦးဖြစ်ပြီး ဘယ်ညာ နားနှစ်ဖက် သွေးထွက်ဒဏ်ရာ လည်ပင်းညိုမဲဒဏ်ရာနဲ့ နေရာမှာတင် သေဆုံးခဲ့ပြီး ကျန်တစ်ယောက်ကတော့ ယာဘက်ပေါင် နာကျင်ဒဏ်ရာသာ ရရှိခဲ့ပြီး မြေပြိုစဉ် လုပ်သားလေးဦး အလုပ်ခွင်ဝင်နေတယ်”လို့ ပြောပါတယ်။ ခုလို လုပ်ငန်းခွင်မတော်တဆမှုနဲ့ ပတ်သက်ပြီး မြေထိန်းနံရံ တည်ဆောက်နေတဲ့ ရေအရင်းမြစ်နဲ့ မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနက အငယ်တန်းအင်ဂျင်နီယာ ဦးဗန်လျံထန်းကလည်း ယခုဖြစ်စဉ်အတွက် သက်ဆိုင်ရာအဆင့်ဆင့် တင်ပြသွားမှာဖြစ်ပြီး ညွှန်ကြားချက်နဲ့အညီ ဆောင်ရွက်ပေးမယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ဒဏ်ရာရရှိသူကို ကလေးမြို့ ပြည်သူဆေးရုံကြီးသို့ အချိန်မီ ပို့ဆောင်ပေးထားပြီး ဆေးကုသပေးနေပါတယ်။ အဲ့ဒီလုပ်ငန်းခွင်မှာ လုပ်သားပေါင်း ၅၀ ကျော်နဲ့ ကမ်းပါးပြိုကျမှုကနေ ကာကွယ်ဖို့ ကမ်းပါးမြေထိန်းသိမ်းခြင်းလုပ်ငန်းတွေကို ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ သတင်း - ‌မင်းရဲစစ်နိုင်
3 years Ago
More News
Up