မြစ်ဝကျွန်းပေါ်

May 1, 2018

လေဖိအားနည်းရပ်ဝန်း ၂ ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသကို ရောက်ရှိနိုင်

ကပ္ပလီပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ၄၈ နာရီအတွင်း မုတ္တမကွေ့နဲ့ ဆက်စပ်နေတဲ့  မြစ်ဝကျွန်းပေါ်ဒေသကို ရောက်ရှိနိုင်တယ်လို့ မိုးဇလဌာနက ဒီမနက် ခန့်မှန်း ထုတ်ပြန်ပါတယ်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းဟာ ဒီနေ့ မနက် တိုင်းထွာချက်တွေအရ မြောက်-အရှေ့မြောက်ဘက်ကို နည်းနည်းရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်တယ်လို့လည်း ဆိုပါတယ်။ လတ်တလော ကပ္ပလီပင်လယ်ပြင်နဲ့  ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။ မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်ကနေ လှိုင်းကြီးနိုင်ပြီး လှိုင်းအမြင့်က ၇ ပေကနေ ၉ ပေအထိ ရှိနိုင်တယ်၊ လေတိုက်နှုန်းကတော့ ရေပြင်မှာ တနာရီကို ၁၀ မိုင်ကနေ ၁၅ မိုင်နှုန်း တိုက်နိုင်ပြီး တခါတရံမှာတော့ မိုင် ၃၀ နှုန်း အထိ တိုက်ခတ်နိုင်တယ်လို့ မိုးဇလက ခန့်မှန်းပါတယ်။
3 years Ago
Up