မြစ်ထဲပစ်ချခံရသည့် ကလေးငယ်ကို တက္ကစီယာဉ်မောင်း ကယ်တင် (ရုပ်သံ)

February 19, 2017

မြစ်ထဲပစ်ချခံရသည့် ကလေးငယ်ကို တက္ကစီယာဉ်မောင်း ကယ်တင် (ရုပ်သံ)

မိခင်မှ ကလေးငယ် တစ်ဦးကို တံတားပေါ်ကနေ ရေထဲစွန့်ချသတ်ပစ်ခဲ့တာကို မြစ်ဘေးနား ဖြတ်မောင်းသွားတဲ့ တက္ကစီယာဉ်မောင်းသမားတစ်ဦးက သက်စွန့်ဆံဖျား ကယ်တင်ခဲ့ပါတယ်။ တရုတ်နိုင်ငံအလယ်ပိုင်း ဟန်နန်ခရိုင် Ruzhou မြို့တံတားပေါ်ကနေ မိခင်က ကလေးငယ်တစ်ဦးအား မြစ်ထဲပစ်ချခဲ့တာကို မျက်မြင်သက်သေတစ်စုက ကယ်တင်ဖို့ကြိုးစားခဲ့ပြီး အငှားကားယာဉ်မောင်း တစ်ဦးမှ ကလေးငယ်ကို ရေထဲမှ စွန့်စွန့်စားစား ကယ်တင်ခဲ့တဲ့ ရုပ်သံဖိုင်ကို မေရာရဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့သတင်းမှာ ဖော်ပြထားပါတယ်။ ဆုံးဖြတ်ချက်မြန်တဲ့ အငှားယာဉ်မောင်းသမားက ရေထဲအလျင်အမြန်ဆင်း ကလေးကို ကြိုးတွေနဲ့ သိုင်းချည်ပြီး တံတားပေါ်က အခြားကယ်တင်သူတွေက ကြိုးကိုဆွဲတင်ပြီး ကလေးအသက်ကယ်ခဲ့တာကို မျက်မြင်သက်သေက မိုဘိုင်းလ်ဖုန်းနဲ့ ရိုက်ကူးခဲ့တာပါ။ ကလေးအမေက မြစ်ဝါမြစ်ရဲ့ မြစ်ခွဲတစ်ခုဖြစ်တဲ့ ဂျင်းမြစ် တံတားဘောင်ပေါ်ကနေ ကလေးကိုပစ်ချခဲ့ပြီး နောက်ကျိနေတဲ့ ရေထဲ ကလေးစတင်နစ်မြုပ်တဲ့အချိန်မှာ ထွက်သွားတယ်လို့ ကယ်တင်သူတွေက ပြောပါတယ်။ အံ့သြထိတ်လန့်သွားတဲ့ ဖြတ်သွားဖြတ်လာတွေက အခြားသွားလာသူတွေကို ကယ်တင်ဖို့ အော်ခေါ်နေတုန်း အငှားယာဉ်မောင်းသမားက အရင်ဦးဆုံး ရေထဲဆင်း ကယ်တင်ခဲ့တာလို့ သိရပါတယ်။ လူတွေက ကလေးအဆုပ်ထဲက ရေထဲထွက်သွားဖို့ ကျောကုန်းကို ပုတ်၊ ကိုယ်ကို လှုပ်ခါတာတွေ လုပ်ခဲ့ပေမယ့် ကယ်ဆယ်ရေး ဆေးတပ်သားတွေ လာတဲ့အထိ ကလေးက သတိမေ့နေလို့ ဆေးရုံခေါ်သွားခဲ့ရပါတယ်။ နောက်ပိုင်းမှာ ကုသမှုတွေကြောင့် ကလေးက သတိရလာပြီး ပုံမှန်အနေအထားရှိတယ်လို့ သိရပါတယ်။ Ruzhou မြို့အာဏာပိုင်တွေမှ မိခင်က စိတ်ဝေဒနာ ခံစားနေရပြီး ဒီအဖြစ်ကို စုံစမ်းနေတယ်လို့ သိရပါတယ်။ အမည်မဖော်ပြထားတဲ့ မိခင်ကို တရားစွဲဆိုမှုတွေ လုပ်မယ်၊ မလုပ်ဘူးဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
4 years Ago
Up