မြစ်ထဲထိုးကျသွားသည့် ကားထဲမှ အမျိုးသမီးကို ၀ိုင်းဝန်းကယ်တင်

May 10, 2016

မြစ်ထဲထိုးကျသွားသည့် ကားထဲမှ အမျိုးသမီးကို ၀ိုင်းဝန်းကယ်တင် (ရုပ်သံ)

တရုတ်နိုင်ငံအရှေ့ပိုင်းက ကျန်းစုပြည်နယ်မှာ ပြီးခဲ့တဲ့တပတ်က ယာဉ်တိုက်မှုဖြစ်ပြီး လမ်းဘေးမြစ်ထဲ ထိုးကျသွားတဲ့ ကားထဲက အမျိုးသမီးတဦးကို အနီးကလူတွေ ၀ိုင်းဝန်းကယ်တင်ခဲ့ကြပါတယ်။ အနက်ရောင် အိမ်စီးကားတစီးကို အရင်တိုက်မိပြီး ဘရိတ်နဲ့ လီဗာကို မှားနင်းမိကာ မြစ်ထဲထိုးကျသွားတယ်လို့ ဆိုပါတယ်။ ကား မြစ်ထဲထိုးကျသွားတာကို လိုက်ကြည့်တဲ့အချိန်မှာ ကားထဲက အမျိုးသမီး အပြင်ထွက်ဖို့ အခက်အခဲဖြစ်နေတာ မြင်ရလို့ စားသောက်ဆိုင်ထဲပြန်ဝင်ပြီး တူ ၂ ချောင်း သွားယူခဲ့တယ်လို့ အနီးက စားသောက်ဆိုင်ဝန်ထမ်းတဦးက ပြောပါတယ်။ အနီးကလူတွေ ၀င်ကယ်လိုက်လို့ ကားထဲက အမျိုးသမီးကို လက်မတင်လေး ကယ်တင်နိုင်ခဲ့ပါတယ်။ ကားရေထဲကျသွားတဲ့အချိန်မှာ ကားထဲက အပြင်ကိုထွက်ဖို့ ခက်ခဲပြီး အပြင်ကနေ တူတွေနဲ့ ထုခွဲဖွင့်နိုင်ဖို့ လိုအပ်တယ်လို့ ဒေသခံ ယာဉ်ထိန်းရဲအရာရှိတဦးက ပြောပါတယ်။ ကယ်ဆယ်ခဲ့ပြီး  နောက်တရက်မှာ ကယ်ဆယ်ခဲ့သူ ၄ ဦးလုံး သူတို့ရဲ့ စွမ်းဆောင်ရည်အတွက် ဂုဏ်ပြုဆုတွေ ချီးမြှင့်ခံရတယ်လို့ သတင်းကဆိုပါတယ်။
6 years Ago
Up