မြစ်ထဲခုန်ချ သေကြောင်းကြံစည်သူ အမျိုးသမီးကို ကယ်တင်

August 9, 2016

မြစ်ထဲခုန်ချ သေကြောင်းကြံစည်သူ အမျိုးသမီးကို ကယ်တင် (ရုပ်သံ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ ဂွီကျိုးခရိုင်၊ ဂွီယန်းမြို့မှာ မြစ်ထဲကိုခုန်ချပြီး သေကြောင်းကြံဖို့ ကြိုးစားခဲ့သူ အမျိုးသမီးတဦးကို ကယ်ဆယ်ရေးသမားတွေက အလျင်အမြန် ကင်နိုင်ခဲ့ကြပါတယ်။ အဆိုပါအမျိုးသမီးဟာ မြစ်ပြင်တံတားအစွန်းပေါ်မှာ ထိုင်နေခဲ့တာဖြစ်ပြီး ရေထဲကို ခုန်ချကာ သေကြောင်းကြံဖို့ ကြိုးစားခဲ့တာပါ။ ကယ်ဆယ်ရေးသမားတွေဟာ အခင်းဖြစ်တဲ့နေရာဆီ အချိန်မီလာရောက်ခဲ့ကြပြီး အမျိုးသမီးရဲ့ အနောက်ဘက်ကနေ တိတ်တဆိတ်ချဉ်းကပ်ဖို့ ကြိုးစားခဲ့ကြရတာပါ။ ကယ်ဆယ်ရေးသမားတဦးက အဆိုပါအမျိုးသမီးနောက်ကနေ တဟုန်ထိုးပြေးကာ ဖမ်းချုပ်ပြီး ပွေ့လိုက်တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ အဲဒီနောက်မှာတော့ သူ့နောက်မှာပါလာတဲ့ တခြား ကယ်ဆယ်ရေးသမား ၅ ဦးကပါ အမျိုးသမီးကို တံတားအစွန်းမှဆွဲချဖို့ ကူညီခဲ့ကြပြီး ကယ်တင်နိုင်ခဲ့တာလို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။
5 years Ago
Up