မြစ်ထဲခုန်ချသေကြောင်းကြံ မိန်းကလေးကို ရေမကူးတတ်သည့်ရဲအရာရှိ စွန့်စားကယ်တင် (ရုပ်သံ)

June 1, 2016

မြစ်ထဲခုန်ချသေကြောင်းကြံ မိန်းကလေးကို ရေမကူးတတ်သည့်ရဲအရာရှိ စွန့်စားကယ်တင် (ရုပ်သံ)

တရုတ်နိုင်ငံ၊ ဟဘေးခရိုင်၊ ကျီဟွမ်ဒေါင်မြို့မှာ အမျိုးသမီးငယ်တဦးဟာ မြစ်ထဲခုန်ချပြီး သေကြောင်းကြံစည်ဖို့ ကြိုးစားခဲ့လို့ ရဲတဦးက စွန့်စွန့်စားစားကယ်တင်ခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့အပတ်ကဖြစ်ခဲ့တာဖြစ်ပြီး အနီးနားမျက်မြင်တွေ့ရှိ သူတဦးက မိုဘိုင်းဖုန်းနဲ့ မှတ်တမ်းတင်ခဲ့ကာ ရဲကို အကြောင်းကြားခဲ့တာလို့ စီစီတီဗွီသ တင်းမှာ ဖော်ပြပါတယ်။ ရဲအရာရှိဟာ မိန်းကလေးကို ကယ်တင်ဖို့ ရေထဲခုန်ချခဲ့ပေမယ့် သူဟာ ရေ ကောင်းကောင်း မကူးတတ်ပါဘူး။ သူဟာ ရေထဲကို ခုန်မချခင်မှာ လက်ထဲမှာ ၀ါယာကြိုးတွေကို အခွေလိုက်ဆုပ် ကိုင်ထားပြီးမှ ဆင်းသွားခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။ ရေထဲမှာ သူတို့ ၂ ဦးလုံးဟာ မြစ်ကမ်းကနေ ၂ မီတာအကွာမှာ ရှိနေခဲ့ပြီး မိန်းက လေးကို ကမ်းဆီပြန်ခေါ်ဖို့ အားကုန်သုံးခဲ့ရတာပါ။ ကံကောင်းထောက်မစွာပဲ အနီးနားက လူတွေဟာ မြစ်ကမ်းဘက်မှ ၀ါယာကြိုး တွေကို ကူညီဆွဲတင်ပေးခဲ့ကြလို့ ၂ ဦးလုံးဟာ အသက်ရှင်ခဲ့ရတယ်လို့ သတင်းမှာ ဖော် ပြပါတယ်။
6 years Ago
Up