မြစ်ကူးတံတားများပိတ်၊ စစ်ရှောင်ပြည်သူများ အခက်ကြုံ

April 17, 2017

မိုဆူးလ်တွင် ရေလွှမ်းမိုးမှုကြောင့် မြစ်ကူးတံတားများပိတ်၊ စစ်ရှောင်ပြည်သူများ အခက်ကြုံ

ဧပြီလ ၁၆ ရက်နေ့က အီရတ်နိုင်ငံ မိုဆူးလ်မြို့မှာ ရေအကြီးအကျယ် လွှမ်းမိုးခဲ့တဲ့အတွက် တိုက်ဂရစ် မြစ်ကူးတံတားတွေ အကုန်လုံးကို ပိတ်ထားခဲ့ရပါတယ်။ အဲဒါကြောင့် တိုက်ပွဲရှောင် ပြည်သူတွေအတွက် ရိက္ခာပေးပို့မှု ပြတ်တောက်ခဲ့ရပြီး လူတွေဟာ လှေနဲ့ သွားလာခဲ့ရပါတယ်။ တံတားတွေ ပိတ်ထားတဲ့အတွက် တိုက်ပွဲရှောင် ပြည်သူတွေ အဓိကရောက်ရှိရာ ဟဲမန်အယ်အလီ စခန်းကို ရိက္ခာပို့ယာဉ်တန်း မရောက်ရှိဘူးလို့ ကုလသမဂ္ဂ တာဝန်ရှိသူတဦးက ဆိုပါတယ်။ နေရပ်စွန့်ခွာသူတဦးက တံတားကို ပြန်ပြင်ပြီး ရိက္ခာပို့ဆောင်ရေး လုပ်ဆောင်ပေးဖို့  ဒေသခံအစိုးရနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တိုက်တွန်းကြောင်း ပြောခဲ့ပါတယ်။ မိုဆူးလ်အနောက်ပိုင်းမှာ အီရတ်တပ်ဖွဲ့ဝင်တွေနဲ့ အိုင်အက်စ်တွေအကြား တိုက်ပွဲ ဖြစ်နေတာကြောင့် လူ ၄ သိန်းခန့်ဟာ ပိတ်မိနေကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။
4 years Ago
Up