ဧရာဝတီမြစ်ရေ ရုတ်တရက် တက်လာတာကြောင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ် ဗလဘကျေးရွာမှာ မြစ်ကမ်းပါး ပြိုကျတာတွေ ဖြစ်နေပါတယ်။
ကမ်းပြိုတာကြောင့် ခုတပတ်အတွင်း လူနေအိမ် ၁၈ လုံးလောက် ပြောင်းရွှေ့ခဲ့ရပြီလို့ သိရပါတယ်။ လက်ရှိလည်း အိမ်တွေကို ဖျက်ရွှေ့နေကြဆဲပါ။ နေအိမ်ပြောင်းရွှေ့ရသူအများစုက နေအိမ်ဝန်း အစားဝယ်ဖို့ ခက်ခဲတာကြောင့် ဖြစ်သလို နေနေကြရပါတယ်။
4 years Ago