မြစ်ကမ်းပါး

March 31, 2019

ပီရူးတွင် မြစ်ကမ်းပါး ပြိုကျ၍ နေအိမ်များ ရေထဲမျောပါ၊ အရေးပေါ် အခြေအနေကြေညာ

ပီရူးနိုင်ငံရဲ့ ကျေးလက်ဒေသ ချန်ချာမာယိုပြည်နယ်မှာ ပဲရယ်နီမြစ်ကမ်းပါး ကျိုးပေါက်အပြီး မတ် ၂၉ ရက်က လူနေအိမ်တွေ ရေထဲ မျောပါခဲ့ပါတယ်။ ဂျူနင်းဒေသက ရေဘေးသင့် အခံရဆုံးဖြစ်ပြီး ဒေသခံတွေ ဆက်သွယ်ရေး ပြတ်တောက်ကုန်ပါတယ်။ တာဝန်ရှိသူတွေက လူတွေကို ဘေးကင်းရာ ရွှေ့ပြောင်းပေးခဲ့ပြီး တိရစ္ဆာန်တွေကို ကယ်ခဲ့ပါတယ်။ ခရိုင်နဲ့ ပတ်ဝန်းကျင်ဒေသတွေကို အစိုးရက အရေးပေါ် အခြေအနေ ကြေညာခဲ့ပါတယ်။ ဒီနှစ် မိုးရာသီအတွင်း လူ၅၁ ယောက်ထက် မနည်းသေဆုံးပြီး လူအယောက် ၁၃၀၀၀ နီးပါး ရေဘေးသင့်ခဲ့တယ်လို့ အစီရင်ခံစာတွေက ဆိုပါတယ်။
3 years Ago
Up