မြင်းခြံတွင်​ ကြားဖြတ်​​ရွေး​ကောက်​ပွဲအတွက်​ မဲဆွယ်​စည်းရုံး​ရေး စတင်

September 3, 2018

မြင်းခြံတွင်​ ကြားဖြတ်​​ရွေး​ကောက်​ပွဲအတွက်​ မဲဆွယ်​စည်းရုံး​ရေး စတင်

မန္တလေးတိုင်း​ဒေသကြီး မြင်းခြံမြိုနယ်​တွင်​ ၂၀၁၈ နိုဝင်​ဘာ ၃ ရက်​​နေ့ ကျင်းပပြုလုပ်​မယ့် ကြားဖြတ်​​ရွေး​ကောက်​ပွဲအတွက်​ အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​က မြင်းခြံမြို့ပေါ်ရပ်​ကွက်​​တွေမှာ မဲဆွယ်​စည်းရုံး​ရေး စတင်ပြုလုပ်နေပါတယ်။ မြင်းခြံမြို့နယ်​မှာ လစ်​လပ်​သွားတဲ့ ပြည်​သူ့လွှတ်​​တော်​တနေရာအတွက်​ အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​ ပါတီဝင်​ ဦးစိန်​မြင့် ဝင်​​ရောက်​အ​ရွေးချယ်​ခံသွားမှာ ဖြစ်​ပါတယ်​။ ၂၀၁၈ နိုဝင်​ဘာ ၃ ရက်​​နေ့မှာ ကျင်းပပြုလုပ်​မယ့် ကြားဖြတ်​​ရွေး​ကောက်​ပွဲမှာ​ လစ်​လပ်​ ၁၃ ​နေရာအတွက်​၊ နိုင်​ငံ​ရေးပါတီ ၂၄ ခုမှ ၆၂ ဦး၊ တသီးပုဂ္ဂလကိုယ်​စားလှယ်​​လောင်း ၇ ဦး စုစု​ပေါင်း ၆၉ ဦးတို့ ယှဉ်​ပြိုင်​ကြမှာဖြစ်​ပြီး၊ အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​ တပါတီတည်းသာ ​နေရာအပြည့်​ယှဉ်​ပြိုင်​သွားမှာလည်း ဖြစ်​ပါတယ်​။ မြင်းခြံမြို့နယ်​မှာ​တော့ အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်​​ရေးနှင့် ဖွံ့ဖြိုး​ရေးပါတီ၊ လူ့​ဘောင်​သစ်​ဒီမိုကရက်​တစ်​ပါတီ၊ ပြည်​သူ့အလုပ်​သမားပါတီတို့ ဝင်​​ရောက်​ယှဉ်​ပြိုင် အ​ရွေးခံသွားမှာလည်း ဖြစ်​ပါတယ်​။ ပြည်​​ထောင်​စု​ရွေး​ကောက်​ပွဲ​ကော်​မရှင်​ ဥပ​ဒေအရ ​ရွေးချယ်​ခံ လွှတ်​​တော်​ကိုယ်​စားလှယ်​​ လောင်းတွေအ​နေနဲ့ မဲဆွယ်​စည်းရုံးခွင့် ရက်​ ၆၀ သတ်​မှတ်​ထား​တာကြောင့် စက်​တင်​ဘာ ၃ ရက်​က စတင်​ကာ ​ရွေး​ကောက်​ပွဲမတိုင်​မီ တရက်​အလိုထိ မဲဆွယ်​စည်းရုံးခွင့်ရမှာလည်း ဖြစ်​ပါတယ်​။ မြင်းခြံမြို့မှာ ရပ်​ကွက်​ ၂၀၊ ​ကျေးရွာအုပ်​စု ၈၅ အုပ်​စုရှိပြီး မဲ​ပေးပိုင်​ခွင့်ရှိသူ နှစ်​သိန်း​ကျော်​ရှိတာလည်း ဖြစ်​ပါတယ်​။ သတင်း - ရီရီထွန်း (မြင်းခြံ)
3 years Ago
Up