မြင်းခြံတွင်​ ကြက်​သွန်​နီ​ဈေးနှုန်းများ ဆက်​တိုက်​ကျဆင်း​နေ၊ တောင်သူများ အရှုံးပေါ်

May 27, 2018

မြင်းခြံတွင်​ ကြက်​သွန်​နီ​ဈေးနှုန်းများ ဆက်​တိုက်​ကျဆင်း​နေ၊ တောင်သူများ အရှုံးပေါ်

  မန္တ​လေးတိုင်း​ဒေသကြီး မြင်းခြံမြို့မှာ ကြက်​သွန်​နီ​ဈေးနှုန်းတွေ ဆက်​တိုက်​ကျဆင်း​နေ တဲ့အတွက် ကြက်​သွန်​နီပွဲရုံ​တွေမှာ အ​ရောင်းအဝယ်​​အေးသွားပြီး တောင်သူတွေ အရှုံးပေါ်နေတယ်​လို့ ​ရွှေဒင်္ဂါးပွဲရုံမှ ​ကို​ကျော်​ဇင်​ထွန်းက ​ပြောပါတယ်​။ ​ရွှေဒင်္ဂါး ကြက်​သွန်​ပွဲရုံမှ ကို​ကျော်​ဇင်​ထွန်း​ က “ကြက်​သွန်​​ဈေးနှုန်းက ဆက်​တိုက်​ကို ကျဆင်းသွားတယ်​။ အ​ရောင်းအဝယ်​ကလည်း သိသိသာသာ​အေးသွားတယ်​၊ ပြီး​တော့ တရုတ်၊​ မြဝတီ၊ မဲ​ဆောက်​ စတဲ့ ​နေရာ​တွေကလည်း အ​ရောင်းအဝယ်​​အေး​နေ​တော့ ထင်​သ​လောက်​ တင်​ပို့လို့မရဘူး။ ပြည်​တွင်း​ဈေးကွက်​ကလည်း အ​ရောင်းအဝယ်​​အေး​နေ​တော့ ဒီမှာက ​ဈေးနှုန်းဆက်​တိုက်​ကျဆင်းသွားတယ်​။ ​နောက်​ပြီး ကြက်​သွန်​ဝင်​​ရောက်​မှုကလည်း နည်းသွားတယ်​၊။ အခု​ဈေးနဲ့ဆို ​တောင်​သူ​တွေလည်း အရှုံး​ပေါ်​နေတယ်​”လို့ ဒီဗွီဘီကို ​ပြောပါတယ်​။ ပြီးခဲ့တဲ့နှစ်​​က ကြက်​သွန်​နီ​ဈေးနှုန်းများ အဆမတန်​ မြင့်မားသွားတာ​ကြောင့် ယခုနှစ်​ ကြက်​သွန်​စိုက်​ပျိုးတဲ့ ​တောင်​သူအများစုက ​ဈေး​ကောင်းရရှိဖို့​ ​မျှော်​လင့်နေကြတာလည်း ဖြစ်​ပါတယ်​။ ကြက်​သွန်​​လာ​ရောက်​​ရောင်းချသူ တ​ဦးက “ကျ​နော်​တို့ ကြက်​သွန်​စိုက်​တဲ့​ တောင်​သူ​တွေ က မနှစ်​က ​ဈေး​ကောင်း​ရောင်းရ​တော့ ဒီနှစ်​လည်း ​မျှော်​လင့်နေတာ​ပေါ့၊ လက်​ရှိ​ဈေးနဲ့က အများကြီး ရှုံးပါတယ်​။ ကြက်​သွန်​စိုက်​ပျိုးတဲ့ ကုန်​ကျစရိတ်​ အလုပ်​သမားစရိတ်​​တွေက များပါ တယ်​။ စာဝတ်​​နေ​ရေးအတွက်​ မဖြစ်​လို့​ရောင်းရ​တော့ အရှုံးနဲ့​ပဲရောင်းရတာ​ပေါ့”လို့ ​ပြောပါ တယ်​။ ပြီးခဲ့တဲ့နှစ်​က ခုလို ကြက်​သွန်​နီ​ပေါ်ချိန်​မှာ ၁ ပိဿာကို ၈၀၀ ကျပ်​မှ ၁၀၀၀ ကျပ်​ဝန်းကျင်​ အထိ အ​ရောင်းအဝယ်​ ဖြစ်​ခဲ့ပြီး အခုနှစ်မှာ​တော့ ကြက်​သွန်​နီ ၁ ပိဿာ ၃၅၀ ကျပ်​မှ ၆ဝဝ ကျပ်​ဝန်းကျင်​ ​ဈေးနှုန်းသာ အ​ရောင်းအဝယ်​ ပြုလုပ်​​နေတာလည်း ဖြစ်​ပါတယ်​။ မြင်းခြံကုန်​စည်​ဒိုင်​မှာ​တော့ ​နေ့စဉ်​ ကြက်​သွန်​နီ ကုန်​ချိန်​ ပိဿာ ၄သောင်း မှ ၅သောင်း ဝန်းကျင်​ နေ့စဉ်​ဝင်​​ရောက်​​နေပြီး ​ကြက်​သွန်​အမျိုးအစားလိုက်​ပြီး ၁ ပိဿာကို ၃၅၀ ကျပ်​မှ ၆၀၀ ကျပ်​အထိ အ​ရောင်းအဝယ်​ပြုလုပ်​​နေတာလည်း ဖြစ်​ပါတယ်​။ ကြက်​သွန်​နီ သို​လှောင်​ထားရှိမယ့် သူတွေက ကြက်​သွန်​ထွက်​ရှိတဲ့ ​ဒေသလိုက်​ပြီး ၁ ပိဿာကို ၆၂၅ ကျပ်​ထိ ​အ​ရောင်းအဝယ်​ ပြုလုပ်​​နေတယ်​လို့ ​ရွှေဒင်္ဂါပွဲရုံးမှ သိရပြီး မြင်းခြံမြို့နယ်​ဟာ ကြက်​သွန်​နီကို အဓိကထား စိုက်​ပျိုးတဲ့ ​ဒေသလည်း ဖြစ်​ပါတယ်​။ သတင်း - ရီရီထွန်း ( မြင်းခြံ )
3 years Ago
Up