မြင်းခြံတွင်​ အဆင့်မြင့်မီးသတ်​စခန်း ​ဆောက်​လုပ်​ရန်​​ ​ဈေးဆိုင်​ခန်းများ ဖယ်​ရှားမည်

March 21, 2019

မြင်းခြံတွင်​ အဆင့်မြင့်မီးသတ်​စခန်း ​ဆောက်​လုပ်​ရန်​​ ​ဈေးဆိုင်​ခန်းများ ဖယ်​ရှားမည်

မန္တ​လေးတိုင်း​ဒေသကြီး၊ မြင်းခြံမြို့နယ်​ရှိ မီးသတ်​စခန်း​မြေ​နေရာကို အဆင့်မြင့် မီးသတ်​စခန်း တည်​​ဆောက်​မှာ ဖြစ်​တဲ့အတွက်​ မီးသတ်​စခန်းနဲ့ ကပ်​လျှက်​​ရှိ ဈေးဆိုင်​ခန်းတွေ ဖယ်​ရှား ခံရဖို့ရှိနေပါတယ်​။ မြင်းခြံဟာ အပူပိုင်း​ဒေသဖြစ်​တဲ့အတွက်​ မီးသတ်​ကားနဲ့ပတ်​သတ်​ရင်​ အသင့်ရှိ​နေရမှာ ဖြစ်​ပြီး ​ဈေးဆိုင်​ခန်း​တွေ ဖယ်​ရှားတဲ့​နေရာမှာ တာဝန်​အရ ဥပ​ဒေနဲ့အညီ လုပ်​​ဆောင်​သွားမှာပါလို့  မြင်းခြံခရိုင်​ မီးသတ်​ဦးစီးဌာန လက်​​ထောက်​ညွန်​ကြား​ရေးမှူး ဦး​အောင်​​ကျော်​နိုင်​က ပြောပါတယ်။ "လက်ရှိ မီးသတ်​စခန်းက လွန်​ခဲ့တဲ့ နှစ်​ ၇၀ ​ကျော်​က ​ဆောက်​ထားတဲ့အ​ဆောက်​အဦ ဖြစ်​တဲ့အတွက် ​ရှေ့မျက်​နှာစာ​တွေ ပြိုကျခဲ့တာ​တွေ အုတ်နံရံ​ ကွဲအပ်​တာ​တွေ ဖြစ်​​နေတယ်​ ​။ဒီ ဈေးဆိုင်​ခန်း​တွေက လွန်​ခဲ့တဲ့ နှစ်​ ၂၀ ​ကျော်​က ​ဆောက်​လုပ်​ထားတာပါ။ ​ဆောက်​ခဲ့စဉ်​က ​မြေငှားခဲ့တာပါ။ ​ရောင်းချခဲ့တာ မဟုတ်​ပါဘူး။ ၂၀၁၁ ခုနှစ်​ကစပြီး ဆိုင်​ခန်းလစာ​တွေ မ​ကောက်​​တော့ပါဘူး။” ​ဈေးဆိုင်​ခန်း​တွေ ဖျက်​သိမ်းဖို့ကိုလည်း အကြိမ်​ကြိမ်​စာထွက်​ထားပြီးသားဖြစ်တယ်လို့ လည်း ဆိုပါတယ်။ မြင်းခြံမြို့နယ်​ မီးသတ်​စခန်းဟာ မီးသတ်​​မျှော်​စင်​ကြီးတခုပါဝင်​ပြီး၊ မြင်းခြံမြို့ အမှတ်​ ၇ ရပ်​ကွက်​ မြို့နယ်​စည်​ပင်​သာယာ​ဈေးနဲ့ ​အေးမြသီတာ​ဈေး နှစ်​ခုကြားမှာ တည်​ရှိပါတယ်။ ၁၉၉၆ ခုနှစ်​က ​ဈေးဆိုင်​ခန်း ၂၁ ခန်းကို ကန်​ထရိုက်​နဲ့​ ဆောက်​လုပ်​ခဲ့တာဖြစ်​ပြီး လက်​ရှိမှာ ​ဈေးဆိုင်​ခန်း​တွေကို အဆင့်ဆင့် ​ရောင်းချတာ​တွေ ငှားရမ်းတာ​တွေရှိ​နေကာ ဖျက်​သိမ်း​ပေးဖို့ အတွက်​ ဆိုင်ရှင်တွေ အခက်​အခဲတွေ့နေကြပါတယ်​။ မီးသတ်​​ဈေးဆိုင်​ခန်းက နဝရတ်​​ရွှေဆိုင်​ပိုင်​ရှင်​ ဦးထင်​က “ဒီ​ဈေးဆိုင်​ခန်း​တွေကို ​ခေတ်​ကာလတန်​​ကြေး ​ရွှေ ၁၂ ကျပ်​သားတန်​​ဖိုးညီမျှတဲ့ ပိုက်​ဆံနဲ့ ကန်​ထရိုက်​​ပေးပြီး ​ဆောက်​လုပ်​ခဲ့တာပါ။ သူတို့ လစာလည်း ယူခဲ့တာပါ၊ ၂၀၁၀ မှာ ဦးသိန်းစိန်​ အာဆီယံဥက္ကဋ္ဌ ဖြစ်​မယ့်အ​ရေးမှာ ဝန်​ထမ်းသက်​သာမှုရရှိရေးမူနဲ့ ဝန်​ထမ်းအိမ်​ယာအကုန်​ဖယ်​ဖို့ ကြိုးစားခဲ့တဲ့ အချိန်​ကျမှ လစာဆက်​မ​ကောက်​​တော့တာပါ။ လစာမ​ကောက်​​ပေမယ့် ကျ​နော်​တို့က ရံပုံ​ငွေရှာပြီး လိုအပ်​သမျှ ပံ့ပိုး​ပေးခဲ့တာပါ။ ပြီး​တော့ ဒီဆိုင်​ခန်း​တွေဟာ ကျူး​ကျော်​မဟုတ်​တဲ့အတွက်​ ကျူး​ကျော်​လို့သတ်​မှတ်​ပြီး ဖျက်​သိမ်းမယ်​ဆိုပါက ကျ​နော်​တို့ တခြားနည်းလမ်းနဲ့ ​ဖြေရှင်းသွားမှာ” လို့ ပြောပါတယ်​။ မြင်းခြံမြို့မှာ​ မီးသတ်​စခန်း ၃ ခု၊ မီးသတ်ယာဉ်​ ၁၄ စီးရှိပြီး၊ မီးသတ်​ဝန်​ထမ်း ၁၀၇ ဦး ရှိပါတယ်​။ ၂၀၁၉ ခုနှစ်​ ပွင့်လင်းရာသီအစမှာ မီး​လောင်​မှု ၆ ကြိမ်​ရှိခဲ့ပြီး ဆုံးရှုံးမှုတန်​ဖိုး ကျပ် သိန်း ၃၀ ​ကျော်​ဖိုးရှိတယ်​လို့ ခရိုင်​မီးသတ်​ရုံးက သိရပါတယ်​။ သတင်း ဓာတ်​ပုံ - ရီရီထွန်း (မြင်းခြံ)
3 years Ago
Up