မြင်းခြံမြို့က အသက်​ ၁၁၁ နှစ်​အရွယ်အဘွားအို ဒေါ်ချစ်ရွှေ

A d v e r t i s e m e n t With Us

June 25, 2019

မြင်းခြံမြို့က အသက်​ ၁၁၁ နှစ်​အရွယ်အဘွားအို ဒေါ်ချစ်ရွှေ

မန္တလေးတိုင်း​ဒေသကြီး၊ မြင်းခြံမြို့ အမှတ်​ (၁၇) ရပ်​ကွက်​၊ အပိုင်း (၃) မှာ​ နေထိုင်​တဲ့ အဘွား ဒေါ်ချစ်​​ရွှေဟာ အသက်​ ၁၁၁ နှစ်​ရှိ​နေပြီး လက်​ရှိမှာ ကျန်းမာ​ရေး​ ကောင်းမွန်​​နေဆဲပဲလို့ မိသားစုဝင်​​တွေထံက သိရပါတယ်​။ မြန်​မာသက္ကရာဇ်​ ၁၂၇၀ ခုနှစ်​မှာ​ မွေးဖွားခဲ့တဲ့ အဘွား ဒေါ်ချစ်​​ရွှေဟာ ပြီးခဲ့တဲ့ရက်​ပိုင်းကမှ အသက်​  ၁၁၀ တင်းတင်းပြည့်ခဲ့ပြီး မြင်းခြံမြို့နယ်မှာ အသက်​အရှည်​ဆုံး အမျိုးသမီးအဖြစ်​ မြင်းခြံမြို့ခရိုင်​ လူမှုဝန်​ထမ်းဦးစီးဌာနရဲ့ စာရင်းဇယား မှတ်​တမ်းအရ သိရပါတယ်​။ ဒေါ်ချစ်​​ရွှေဟာ ငယ်​စဉ်​ကထဲက အမဲသားနဲ့ ဝက်​သားကိုလုံးဝမစားဘဲ အသီးအရွက်​​တွေကိုသာ များများစား​သုံးပြီး ပဲကိုလည်း အလွန်​ကြိုက်​နှစ်​သက်​တယ်​လို့ ဆိုပါတယ်​။ ငယ်​ရွယ်​စဉ်​က​နေ ခုအချိန်​ထိ စား​သောက်​​နေထိုင်​မှုပုံစံက ​​ပြောင်းလဲမှုမရှိဘဲ တ​သတ်​မှတ်​ထဲသာ စား​သောက်​ခဲ့တယ်​လို့  အသက်​ ၆၃ နှစ်​ရှိပြီဖြစ်​တဲ့ သမီး​ဒေါ်ခင်​ညို က ဒီဗွီဘီ ကို​ပြောပါတယ်​။ "အ​မေက ခုချိန်​ထိ ​ဆေးရုံ ​ဆေးခန်းတက်​​ရောက်​ကုသရတာ တခါမှမရှိခဲ့ဘူး၊ အန်​တီတို့ သိတတ်တဲ့အရွယ်​မှာ အ​မေက ခရမ်းချဉ်​သီးငပိချက်​ကို ရှား​စောင်းလက်ပပ် တို့မြှုပ်​ပြီး အမြဲစားတယ်​၊ ခရမ်းချဉ်​သီးနဲ့ ကြက်​သွန်​နီသုတ်​စားတယ်​။ နောက်​ပြီး ပဲအရမ်းကြိုက်​တယ်​၊ ရယ်​ဒီမိတ်​အစားအစာ​တွေကို တ​ခါမှ မစားဘူး။ ဘာသာ​ရေးမှာ​တော့ အ​မေငယ်​စဉ်​ကတည်းက ဘုရားရှိခိုးတယ်​၊ ဘုရားဆွမ်းကပ်​တယ်​ ဥပုသ်သီလ အမြဲမပြတ်​​စောင့်တယ်​”  မြင်းခြံမြို့နယ်​မှာ အသက်​ ၈၅ နှစ်​အထက်​ အဘိုးအဘွား ၁၀၃၅ ဦးရှိပါတယ်။ ဒေါ်ချစ်​​ရွှေဟာ အသက်​ ၁၁၁ နှစ်ထဲ ​ရောက်​နေတဲ့ အသက်​အရှည်​ဆုံးအမျိုးသမီးတ​ဦးဖြစ်​ပြီး လက်​ရှိမှာ သား/သမီး ၄ ဦးနဲ့ မြေး၊ မြစ်​၊ တီ အ​ယောက်​ ၃၀ တို့နဲ့အတူ ​ကျန်းမာ​စွာ နေထိုင်နေပါတယ်​။ သတင်း - ရီရီထွန်း (မြင်းခြံ)
2 years Ago
Up