မြင်းခြံတွင် ​လျှပ်​စစ်​​ကြိုး အပူလွန်​ကဲရာမှ အ​ဆောက်​အဦ ၃ လုံး မီး​လောင်

March 25, 2019

မြင်းခြံတွင် ​လျှပ်​စစ်​​ကြိုး အပူလွန်​ကဲရာမှ အ​ဆောက်​အဦ ၃ လုံး မီး​လောင်

မန္တ​လေးတိုင်း​ဒေသကြီး မြင်းခြံမြို့နယ်​၊ ​လေးအိမ်​တန်းအုပ်​စု၊ စည်​ပင်​သာ​ကျေးရွာမှာ မတ်​လ ၂၄ ရက်​ ​နေ့လယ် ၁ နာရီခွဲလောက်က အိမ်​ရှင်​ ​ဒေါ်​အေး​အေးခိုင်​ ရဲ့ လူမ​နေတဲ့ ဂို​ဒေါင်​​ဟောင်းမှာ​ လျှပ်​စစ်​ဓာတ်​တိုင်​နဲ့ သွယ်​တန်းထား​တဲ့ အိမ်​တွင်း လျှပ်​စစ်​​ကြိုး အပူလွန်​ကဲရာမှ မီး​လောင်​မှုဖြစ်​ပွားခဲ့ပါတယ်​။ မီး​လောင်​မှု​ကြောင့် အနီးနားရှိ အ​ဆောက်​အဦ ၃ လုံး မီးကူးစက်​​လောင်​ကျွမ်းခံခဲ့ရပြီး ​နေ့လယ်​ ၂ နာရီအချိန်​မှာ မီးကို အပြီးငြိမ်းသတ်​နိုင်​ခဲ့ပါတယ်​။ မီး​လောင်​ရာမှာ မြင်းခြံမြို့နယ်​ မီးသတ်​ဦးစီးဌာနမှ မီးငြိမ်း​သတ်​ယာဉ်​ ၈ စီး၊ မီးသတ်​​ရေယာဉ်​ ၃ စီး၊ သ​န္ဓေ ၆၆ ဦး နဲ့ အရန်​မီးသတ်​တပ်​ဖွဲ့ အယောက် ၈၀၊ စုစု​ပေါင်း ၁၄၆ ဦးတို့ ဝိုင်းဝန်းငြိမ်းသတ်​ခဲ့ကြပြီး ဆုံးရှုံးမှုတန်​ဖိုး ကျပ်​ ၃ သိန်းလောက် ရှိတယ်​လို့ သိရပါတယ်​။ မီးစတင်​​လောင်​ကျွမ်းတဲ့ အိမ်​ရှင်​ ​ဒေါ်​အေး​အေးခိုင်​ကို မြင်းခြံနယ်​​မြေရဲစခန်းမှ (ပ) ၇၄/၂၀၁၉ ၊ပုဒ်​မ (၂၈၅) နဲ့ အမှုဖွင့်အ​ရေးယူထားတယ်​လို့ သိရပါတယ်​။ ပွင့်လင်းရာသီအ​ရောက်​မှာ မြင်းခြံမြို့နယ်မှာ​ မီး​လောင်​တာ ၇ ကြိမ်​​ ရှိပြီဖြစ်ပြီး ဆုံးရှုံးမှုတန်​ဖိုး ကျပ်​ ၃၃ သိန်း​ကျော်​ဖိုးရှိတယ်​လို့ သိရပါတယ်​။ သတင်း - ရီရီထွန်း (မြင်းခြံ)
3 years Ago
Up