မြင်းခြံမြို့တွင်

February 4, 2018

မြင်းခြံမြို့တွင် ​မွေးကင်းစ က​လေးငယ်​တဦး စွန့်ပစ်ခံရ

မန္တ​လေးတိုင်း​ဒေသကြီး၊ မြင်းခြံမြို့ အမှတ်​ ၁၃ ရပ်​ကွက်​ သရဝဏ်​ဝန်းအတွင်းရှိ ​​နေအိမ်​အနီးအနားမှာ ​ဖေ​ဖော်​ဝါရီ ၃ ရက်​ညက ​မွေးကင်းစ​ မိန်းက​လေးတဦးကို လာ​ရောက်​စွန့်​ပစ်​ထားတယ်​လို့ အမှတ်​ ၁၃ အုပ်​ချုပ်​​ရေးမှူးရုံးက ပြောပါတယ်။ မြင်းခြံ အမှတ်​ ၁၃ ရပ်​ကွက်​ အုပ်​ချုပ်​​ရေးမှူး ဦးတင်​​ဌေး က “ည ၈ နာရီလောက်က သရဝဏ်​ဝန်းအတွင်း ​နေထိုင်​တဲ့ ဦးမျိုးဟန်​က သူ့ရဲ့အိမ်​နားမှာ က​လေးငယ်​တဦး လာေ​ရာက် ​စွန့်​ပစ်​ထားတယ်​လို့ အ​ကြောင်းကြားလာပါတယ်​။ ကျ​နော်​တို့ သွားကြည့်ပြီး သက်​ဆိုင်​ဌာန​တွေကို အ​ကြောင်းကြားလိုက်​ပါတယ်​။ အဲဒီနောက်​ က​လေးငယ်​ကို ​ဆေးရုံကို ပို့​​ဆောင်​​ပေးပြီး ​ဆေးကုသခံယူ​စေခဲ့ပါတယ်​လို့ ​ပြောပါတယ်​။ မြင်းခြံ ပြည်​သူ့​ဆေးရုံကြီးက ​မွေးကင်းစ မိန်းက​လေးငယ်​ကို အထူးကြပ်​မတ်​​ဆောင်​မှာ ကုသ​ပေး​နေပြီး က​လေးငယ်​ရဲ့ ကိုယ်​အ​လေးချိန်​ဟာ ၄ ​ပေါင်​ခွဲရှိပြီး ကျန်းမာ​ရေး​ ကောင်းမွန်​တယ်​လို့လည်း ​သိရပါတယ်​။ မြင်းခြံခရိုင်​ ပြည်​သူ့​ဆေးရုံအုပ်​ကြီးဖြစ်​တဲ့ ​ဒေါက်​တာ ဦးထွန်းဝင်းက “ကျ​နော်​တို့ ​ဆေးရုံကို ည ၈ နာရီ ​ကျော်​​လောက်​မှာ အမှတ်​ ၁၃ အုပ်​ချုပ်​​ရေးမှူးက လာပို့​ပေးတာပါ။ လက်​​ထောက်​ဆရာဝန်​​တွေနဲ့ က​လေးငယ်​ကို ​သေချာစစ်​​ဆေးပြီး ​ဆေးရုံမှာ ကုသ​ပေး​နေပါတယ်​။ က​လေးနဲ့ ပတ်​သက်ပြီး ​ဆေး/လူမှုဆက်​ဆံ​ရေးနဲ့ ပူး​ပေါင်းပြီး​တော့ ရဲစခန်း​တွေမှာ တိုင်​ကြားမှု ရှိမရှိ စစ်​​ဆေးပြီး က​လေးငယ်​နဲ့ ပတ်​သတ်​ပြီး ​ဆောင်​ရွက်​စရာများကို ဆက်​လက်​ လုပ်​​ဆောင်​သွားမှာပါလို့ ပြောပါတယ်။ လက်​ရှိမှာ စွန့်​ပစ်​ခံ ​မွေးကင်းစက​လေးငယ်​ မိန်းက​လေးကို တာဝန်​ယူ​မွေးစားချင်​သူ ၅ ​ဦး​လောက်​က ​ဆေးရုံကို လာ​ရောက်​ ဆက်​သွယ်​ အ​ကြောင်းကြားထားတယ်​လို့ သိရပါတယ်​။ ရီရီထွန်း (မြင်းခြံ )
4 years Ago
Up