မြင်းခြံတွင်

March 23, 2018

မြင်းခြံတွင် CP ပြောင်းဆံ ဈေးကောင်းရရှိနေ

မန္တ​လေးတိုင်း​ဒေသကြီး၊ မြင်းခြံမြို့နယ်​ရှိ CP ​ပြောင်းဆန် စိုက်​ပျိုးကြတဲ့ ​တောင်​သူအများစုဟာ ဒီနှစ် ​CP ​ပြောင်းဆံ ထွက်​ရှိချိန်​ကစပြီး ​ဈေး​ကောင်း ရရှိနေတယ်​လို့ မြင်းခြံ ကုန်​စည်​ဒိုင်​က ပြောပါတယ်။ မြင်းခြံ ကုန်​စည်​ဒိုင်​မှ အမှု​ဆောင်​ဖြစ်​တဲ့ ဦးဝင်း​မောင်​က “ဒီနှစ်​ CP ​ပြောင်း စိုက်​ပျိုး​တဲ့ ​တောင်​သူ​တွေ သီးနှံစ​ပေါ်ကတည်းက ​ဈေး​ကောင်းရရှိကြတယ်​။ ပြီးခဲ့တဲ့ ဇန်​နဝါရီလထဲက ရွာသွန်းတဲ့ မိုး​ကြောင့် CP ​ပြောင်းစိုက်​ပျိုးတဲ့ ​တောင်​သူ​တွေက ​ရေသွင်းဖို့အတွက် ​သက်​သာသွားခဲ့ပြီး အပင်​ဖြစ်​ထွန်းမှု ပို​​ကောင်း​လာကြတယ်​။ မြင်းခြံမြို့နယ်​က CP ​ပြောင်းဆံ အဓိက ထွက်​ရှိတဲ့​ဒေသလို့လဲ ​ပြောလို့ရပါတယ်​။ မြင်းခြံမြို့နယ်​က ထွက်​ရှိတဲ့ CP ​ပြောင်းဆံက ​ခြောက်​​သွေ့ပြီး မှိုတက်​တာမျိုးမရှိတဲ့အတွက်​ အရည်​အ​သွေးပိုင်းမှာလည်း စိတ်​ချရပါတယ်​။ ပြီး​တော့ ​တောင်​သူ​တွေအတွက်​လည်း အကျိုးရှိတဲ့နှစ်​လို့ ​ပြောလို့ရပါတယ်” ​လို့ ဒီဗွီဘီ ကို ​ပြောပါတယ်​။ မြင်းခြံမြို့နယ်​မှ ထွက်​ရှိတဲ့ CP ​ပြောင်းဆံများကို မန္တလေးမြို့ရှိ ကြက်​စာစပ်​ စက်​ရုံတွေနဲ့ တရုတ်​ပြည်​ဘတ်​ကိုတင်​ပို့ ​ရောင်းချရပြီး ဒီနှစ်​ CP ​ပြောင်း စတင်​​ပေါ်ချိန်​ကစပြီး အမြင့်​​ဈေးနှုန်း ဖြစ်​​နေတာ​ကြောင့် ဝယ်​လက်​တချို့ ​ဝေဖန်​မှု​တွေရှိနေပြီး ပြည်​ပမှ CP ​ပြောင်းဆံတွေ ပြည်​တွင်း​ဈေးကွက်​ကို ဝင်​​ရောက်​လာ​စေဖို့ ဝယ်​လက်​တွေက ဆန္ဒရှိ​နေကြတယ်​လို့ သိရပါတယ်​။ “ပြည်​ပမှ ဝင်​​ရောက်​လာမယ်​ဆိုရင်​ ကျ​နော်​တို့ ​ပြောင်းဆံအသင်းက ကန့်​ကွက်​သွားမှာပါ။ CP ​ပြောင်းစ​ပေါ်တဲ့ အချိန်​ ခုလို ​ဈေးနှုန်းအမြင့် ဖြစ်​တာက ၄ နှစ်​မှ တ​ကြိမ်​​လောက်​ ဖြစ်​တာပါ။ ​တောင်​သူ​တွေအတွက်​လည်း အခွင့်အ​ရေး​ပေးရပါမယ်​” လို့ သူက ဆက်​ပြီး ​ပြောဆိုပါတယ်​။ နတ်​ညွန်း​ကျေးရွာ မှ CP ​ပြောင်း စိုက်​ပျိုးတဲ့ ဦး​ဇော်​​ဇော်​​အောင်​က “ဒီနှစ်​က သီးနှံ စ​ပေါ်ကတည်းက ​ဈေးနှုန်းက မဆိုးဘူး​ပြောလို့ ရပါတယ်​။ ​တောင်​သူ​တွေအတွက်​လည်း ကိုက်​ညီမှု ရှိတာ​ပေါ့။ CP ​ပြောင်း ၁ ဧကကို စိုက်​ပျိုးစရိတ်​ ၄ သိန်း​လောက်​ကုန်​ကျပါတယ်​။ ၁ ဧက စိုက်​ပျိုးရင်​ CP ​ပြောင်းဆံ ပိဿာ ၁၆၀၀ မှ ၂၁၀၀ ​လောက်​ထိ ထွက်​ရှိတော့ ခု ​ဈေးနှုန်းနဲ့ဆို ​တောင်​သူ​တွေ အဆင်​​ပြေကြတာ​ပေါ့။ ဒီလို​ဈေးနှုန်းကလည်း အမြဲမဖြစ်​ပါဘူး။ ၄ နှစ်​မှ တကြိမ်​​လောက်​ ဖြစ်​တာပါလို့ ​ပြောပါတယ်​။ မြင်းခြံမြို့နယ်​ရှိ CP ​ပြောင်း စိုက်​ပျိုးတဲ့ ​တောင်​သူ​တွေဟာ ၂၀၁၆ မှာ ဧရာဝတီ မြစ်​​ရေတက်​​ရောက်​မှု​ကြောင့် ဆုံးရှုံးမှုများရှိခဲ့ပြီး  ၂၀၁၇ မှာ CP ​ပြောင်းဆံ ​စ​ပေါ်ချိန်​က အဖွင့်ဈေးနှုန်း ၁ ပိဿာ ၂၈၀ ကျပ်​နှုန်းသာ ​ရောင်းချခဲ့ရတာပါ။ ၂၀၁၈ ​CP ​ပြောင်းဆံ စ​ပေါ်ချိန်​မှစပြီး အဖွင့်ဈေးနှုန်းက ၁ ပိဿာ ၅၈၀ မှ ၆၀၀ ကျပ်​နဲ့ ​ရောင်းချရတာလည်း ဖြစ်​ပါတယ်​။ မြင်းခြံမြို့ ကုန်​စည်​ဒိုင်​မှာ ​နေ့စဉ်​ CP ​ပြောင်းဆံ ပိသာ ၃၀ ပါ အိတ်ေ​​ရေ ၆၀၀၀ လောက် ​နေ့စဉ်​ ဝင်​​ရောက်​မှု ရှိ​နေတယ်​လို့ မြင်းခြံ ကုန်​စည်​ဒိုင်​က သိရပါတယ်​။ မြင်းခြံမြို့နယ်အတွင်းမှာ သီနှံမျိုးစုံ စိုက်ပျိုးပြီး ပြောင်းကိုတော့ ဧရာဝတီမြစ်ရေ၀င်တဲ့ အရပ်ဒေသတွေမှာ အဓိက စိုက်ပျိုးကြတယ်လို့ သိရပါတယ်။ သတင်း-ရီရီထွန်း (မြင်းခြံ)
3 years Ago

December 9, 2017

မြင်းခြံတွင် ရှင်အဇ္ဇဂေါဏ အမည်ဖြင့် ငွေလိမ်လည်သူအား ဖမ်းဆီး

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့မှာင ရှင်အဇ္ဇဂေါဏ အမည်နဲ့ ဆင်းရဲသားမွဲတေပပျောက်ရေး အသင်းဆိုပြီး ငွေကြေးလိမ်လည်သူအား ဒီဇင်ဘာ ၈ ရက်နေ့ ည က ဖမ်းဆီးခဲ့တယ်လို့ မြင်းခြံမြိုမ ရဲစခန်းက သိရပါတယ်။ တရားလိုဖြစ်တဲ့ မြင်းခြံမြို့ အမှတ် ၆ ရပ်ကွက်နေထိုင်သူ ဦးသန့်ဇင်က ရှင်အဇ္ဇဂေါဏ မြင်းခြံမြို့ အမှတ် (၆) ရပ်ကွက်နေ အမည်နဲ့ ဦးဝင်းမင်းသန့် (ခ) ဦးသန့်အား ဗုဒ္ဓဘာသာ အဆောက်အဦတွေကို အသုံးပြုပြီး ဗုဒ္ဓဘာသာယုံကြည်သူတွေဆီကနေ ဘာသာတရားကိုအသုံးချပြီး ငွေကြေး လိမ်လည်ရယူခဲ့ကြောင်း တိုင်ကြားခဲ့တာလည်း ဖြစ်ပါတယ်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်နေ့က ဦးဝင်းမင်းသန့်ဟာ တရားလို ဦးသန့်ဇင်အား ငါးထပ်ကြီးဘုန်းကြီးကျောင်းကို လာရောက်ဖို့ ဖုန်းဆက်ခေါ်ဆောင်ပြီး သူဟာ ဗိုလ်သင်တန်းကျောင်းမှ ပြုတ်လာသူဖြစ်ပြီး၊ သင်တန်းအပတ်စဉ်တူ ဦးရေ ၃၀၀၀ က တဦးလျှင် ငွေ ၅၀၀၀ နှုန်းနဲ့ ၃လစာ ၁၅ သိန်းကျပ် လှူဒါန်းလိုက်ကြောင်း၊ သူ့မှာ ငွေကျပ် သိန်း ၄၀၀၀၀  ရှိကြောင်း ယုံကြည်အောင်ပြောဆိုပြီး၊ ရှင်အဇ္ဇဂေါဏ ဆင်းရဲသားမွဲတေ ပပျောက်ရေးအသင်း ထူထောင်ပြီး အသင်းဝင်သူတိုင်း အသင်းဝင်ကြေး ၃၅၀၀ ကျပ် အရင်ပေးသွင်းရပြီး၊ ငွေပေးသွင်းသူတိုင်းကို ပထမလ ၅၀၀၀ ကျပ်၊ ဒုတိယလ ၁၀၀၀၀၀ ကျပ်၊ တတိယလ ၂၀၀၀၀၀ ကျပ်၊ စုစုပေါင်း ၃လအတွက် ၃၀၅၀၀၀ ကျပ်အား ပြန်လည်ထုတ်ပေးမယ်ဆိုပြီး ဘာသာရေးကို အကြောင်းပြုပြီး ယုံကြည်အောင်ပြောဆိုစည်းရုံးခဲ့တယ်လို့ ဆိုပါတယ်။ တရားလိုအပါအဝင် လူအယောက် ၄၀ တို့ဟာ ကုန်ပစ္စည်းအပါအဝင် ငွေကျပ် သိန်း ၂၀ လောက် ပေးသွင်းထားခဲ့ကြပေမယ့် ဦးဝင်းမင်းသန့်က ထုတ်ပေးရမယ့် ငွေကြေးကို မပေးတဲ့အပြင် ဝတ်ဖြူစင်ကြယ်ဝတ်ပြီး ဗုဒ္ဓဘာသာ၊ ရဟန်းသံဃာတော်တွေ၊ သီလရှင်တွေပါမကျန် အကြောင်းအမျိုးမျိုးပြကာ ငွေကြေးလိမ်လည်နေလို့ တရားလိုဖြစ်သူ ဦးသန့်ဇင်က အမှုဖွင့်တိုင်ကြားခဲ့တယ်လို့ မြို့မ ရဲစခန်းက သိရပါတယ်။ အရှင်အဇ္ဇဂေါဏ. (ဆင်းရဲသားပပြောက်ရေးအသင်း) အမည်နဲ့ ငွေကြေးလိမ်လည်သူ ဦးဝင်းမင်းသန့်ကို မြင်းခြံမြို့ ရဲစခန်းမှ ရဲအုပ် မျိုးလွင်က ရာဇသတ်ကြီးပုဒ်မ ၄၂၀/၂၉၅-က တို့နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ မြင်းခြံမြို့ရဲစခန်း တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။ သတင်း-ရီရီထွန်း(မြင်းခြံ)
4 years Ago
More News
Up