မြင်းခြံ

July 13, 2019

မြင်းခြံ​​ဒေသထွက်​ ကွမ်းနုဝါ​ဈေး ဆက်​တိုက်​ကျဆင်း​၊ တောင်သူများ အရှုံးပေါ်

မန္တလေးတိုင်း​၊ မြင်းခြံမြို့နယ်​ အနီးတဝိုက်​​ဒေသ​တွေမှာ စိုက်​ပျိုးကြတဲ့ ကွမ်းနုဝါ ​ဈေးနှုန်း​တွေဟာ ဆက်​တိုက်​ကျဆင်း​နေတာ​ကြောင့်​ ကွမ်းစိုက်​ပျိုးတဲ့ ​တောင်​သူ​တွေ အရှုံးပေါ်နေတယ်လို့ ကွမ်းနုဝါစိုက်​ပျိုးတဲ့ ဝက်​လူး​ကျေးရွာမှ ​တောင်​သူ ဦး​ဇော်​မိုးက ​ပြောပါတယ်​။ "ခုဆိုရင်​ ဒီ​ဒေသက မိုးအရမ်း​ခေါင်​​တော့ အခြားသီးနှံစိုက်​ပျိုးလို့မရ​တော့ဘူး၊ ဒါ​ပေမယ့် ကွမ်းက နှစ်​ရှည်​ပင်​ဖြစ်​တဲ့အတွက်​ ​ရေသွင်းပြီးစိုက်​ကြရတယ်​။ စက်​နဲ့​ရေးသွင်းရတဲ့ စရိတ်​​တွေ အလုပ်​သမားခ​တွေ၊ ​မြေသြဇာ​ဈေး​တွေကကြီး​တော့ ကုန်​ကျစရိတ်​​တွေကများပါတယ်​။ ခုဆို ကွမ်းရွက်​​ဈေးနှုန်းက ကျ​နေ​တော့ အရှုံးဖြစ်​​နေတယ်​။ အခြားသီးနှံနဲ့စာရင်​ ကွမ်းက​တော့ တ​နှစ်​ပတ်​လုံး ထွက်​ရှိ​နေ​တော့ ပုံမှန်​ဝင်​​ငွေရတယ်​ဆိုပြီး စိုက်​ပျိုးကြတာလို ဒီဗွီဘီကို​ပြောပါတယ်​။ ကွမ်းနုဝါ​တွေကို မြင်းခြံမြို့နယ်​ နဲ့ နွားထိုးကြီးမြို့နယ်​​တွေမှာ စိုက်​ပျိုး​နေကြတာပါ။ ကွမ်းရွက်​​ရောင်းဝယ်​​ရေးပွဲရုံမှ မခိုင်​က "ကွမ်း​ဈေး​တွေက ဆက်​ကျဖို့ရှိတယ်​၊ ​ဆောင်းရာသီဆိုရင်​​တော့ ပြန်​ပြီး ​ဈေးနှုန်းမြင့်​လာတက်​ပါတယ်​။ ပြီးခဲ့တဲ့ တပိုတွဲ၊ တ​ပေါင်း၊ တန်​ခူးလ​တွေက ကွမ်းရွက်​ ၁ ​ပိဿာကို ၁ ​သောင်း​ကျော်​အထိ ဖြစ်​ခဲ့တယ်​။ အဲ့​နောက် ​ကွမ်းရွက်​အထွက်​များလာတာရယ်​၊ အ​ရောင်းအဝယ်​မ​ကောင်းတာရယ်​​ကြောင့်​ ကွမ်း​ဈေး​တွေ ဆက်​တိုက်​ကျလာတာ” လို့ ပြောပါတယ်။ မြင်းခြံမြို့မှာ ​နေ့စဉ်​ ကွမ်းပိဿာချိန်​ ၅၀၀၀ ခန့်​ ဝင်​​ရောက်​​နေပြီး မိတ္ထီလာ၊ ​ကျောက်​ပန်း​တောင်းနဲ့ အခြားမြို့နယ်​​တွေကိုပါ တင်​ပို့​ရောင်းချ​နေကြတာ ဖြစ်​ပါတယ်​။ လက်​ရှိ ကွမ်းနုဝါ ၁ ပိဿာ ​ပေါက်​​ဈေးဟာ အနုအကြမ်း​ပေါ်မူတည်​ပြီး ၁၂၀၀ ကျပ်​မှ ၁၃၀၀ ကျပ်​တို့နဲ့ ​ရောင်းချ​နေကြတာပါ။ သတင်း၊ဓာတ်​ပုံ-ရီရီထွန်း (မြင်းခြံ)
2 years Ago

June 24, 2019

မြင်းခြံတွင် ဆိုင်ကယ်မီးလောင်ရာမှ လူ ၃ ဦး မီးကူးစက်ခံရ

မန္တလေးတိုင်း၊ မြင်းခြံမြို့မှာ ဆိုင်ကယ်မီးလောင်ပြီး အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၂ ဦး မီးကူးစက်ခံခဲ့ရလို့ ဆေးရုံမှာ ကုသခံယူနေရပါတယ်။ မြင်းခြံမြို့ အမှတ်​ (၁၃) ရပ်​ကွက်​၊ နယ်​​မြေ (၄) ​ဒေါ်ဂျမ်းရဲ့ ​နေအိမ်မှာ​ ဇွန်​ ၂၃ ရက်​ ည ပိုင်းက ညီအမချင်း စကားများရန်​ဖြစ်​ရာက​နေ အနီးနားရှိ ဆိုင်​ကယ်​မီး​လောင်​ခဲ့ပြီး ၈ နှစ်​အရွယ်​ မိန်းက​လေးငယ်​တဦးအပါအဝင်​ အမျိုးသား ၂ ဦး မီးကူးစက်​ခံခဲ့ရတဲ့ ဖြစ်​စဉ်​တ​ခု ဖြစ်​ပွားခဲ့ပါတယ်​။ နယ်​​မြေမှူး ဦးသိန်းက “အစ​တော့ ညီအမချင်းစကားများရန်​ဖြစ်​​နေကြ​တာ။ ရန်​ဖြစ်​​နေတဲ့ အချိန်​မှာ အမရဲ့သားဖြစ်​တဲ့ ​မောင်​ရန်​ပိုင် ရှိ​​နေတယ်။ ​မောင်​ရန်​ပိုင်​က ​သောက်​လက်​စ​ ဆေးလိပ်​ကို ဆိုင်​ကယ်​အနီးမှာ ဆီဖြည့်​ရန်​အသင့်​ရှိ​နေတဲ့ ဓာတ်​ဆီဗူး​ပေါ်ကို လွှင့်​ပစ်​လိုက်​ရာက​နေ ဆိုင်​ကယ်​မီး​လောင်​ခဲ့တာပါ။ မီးကို​တော့ ရပ်​ကွက်​ထဲကလူ​တွေ ဝိုင်းဝန်းငြှိမ်းသတ်​လိုက်​​တော့ နိုင်​သွားပါတယ်​။ ရာသီဥတုကပူပြင်း​နေတာဆို​တော့ ရပ်​ကွက်​​နေပြည်​သူ​တွေ အ​တော်​​လေးကိုအထိတ်တလန့်​ ဖြစ်​ခဲ့ကြတယ်​။ မီး​လောင်​​နေစဉ်​မှာ အနီးအနားမှာရှိတဲ့ ၈ နှစ်​အရွယ်​ မိန်းက​လေးတဦးအပါအဝင်​ အခြားအမျိုးသား ၂ ဦး တို့ မီးကူးစက်​​လောင်​ခံရပြီး မြင်းခြံ​ဆေးရုံမှာ တက်​​ရောက်​​ပြီး​ ဆေးကုသမှုခံ​နေတယ်​” လို့ ဒီဗွီဘီ ကို​ပြောပါတယ်​။ မြင်းခြံမြို့မရဲစခန်းက မီးပေါ့ဆစွာအသုံးပြုခဲ့လို့ နာကျင်ဒဏ်ရာရရှိစေခြင်းတို့ကြောင့် ရာဇသတ်ကြီးပုဒ်မ-၂၈၅/၃၃၇ တို့နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ သတင်း၊ဓာတ်​ပုံ-ရီရီထွန်း (မြင်းခြံ)
2 years Ago
More News
Up