ကမ္ဘာကျော် ဂရန်းနေရှင်နယ် မြင်းပွဲကြီးမှာ အဲလက်စ်ဘလက်ဆိုတဲ့ အမျိုးသားတစ်ဦးက ပေါင် ၂၀ လောင်းကြေးထပ်မယ့်အစား မတော်တဆမှားယွင်းပြီး ပေါင် ၂၀၀ လောင်းကြေးထပ်မိခဲ့ပေမယ့် သူလောင်းထားတဲ့မြင်း အနိုင်ရသွားလို့ ငွေ ၂၀၀၀ နိုင်သွားတယ်လို့ မေရာရဲ့ ဧပြီ ၁၁ ရက်နေ့ သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
အသက် ၃၈ နှစ်အရွယ် အဲလက်စ်ဟာ လောင်းကြေး ၃၆၅ ဆိုတဲ့ အင်တာနက် သတင်းစာမျက်နှာထက်မှာ အာသာဆိုတဲ့မြင်းအတွက် အခုလို မှားယွင်းလောင်းမိသွားတာပါ။
မြင်းပြိုင်ပွဲပြီးသွားလို့ မစစ်ဆေးခင်အထိ သူ မှားယွင်းလောင်းမိတာကို မသိသေးဘူးလို့လည်း ဆိုပါတယ်။
“မြင်းအနိုင်ရသွားမှ ချက်ချင်းတွေးမိတာ၊ ပြန်စစ်ကြည့်တော့ ကိုယ်လောင်းကြေးထပ်ထားတာက ပေါင် ၂၀၀ ဖြစ်နေတယ်။ ပေါင် ၂၀၀၀ အနိုင်ရသွားတော့ အရမ်းကံကောင်းတယ်လို့ ခံစားရတယ်။ ကျနော်က လောင်းကြေးအများကြီး ထပ်လေ့မရှိတော့ ဒါ ကံကောင်းတယ်ပဲ ပြောရမှာပါ” လို့ အဲလက်စ်က ပြောပါတယ်။
အဲလက်စ်က နှစ်စဉ်နှစ်တိုင်း ဂရန်းနေရှင်နယ်မြင်းပွဲကြီးမှာ ပေါင် ၃၀ ဒါမှမဟုတ် ၄၀ လောက်သာ လောင်းလေ့ရှိကြောင်း၊ ဒီလို ပေါင် ၂၀၀ ဆိုတာက တကယ့်ကို ရူးတာပဲလို့ သူပြောထားဖူးတော့ ဒီငွေပမာဏကို ရည်ရွယ်ချက်ရှိရှိ သူ လောင်းမှာ မဟုတ်ဘူးလို့ အလွတ်သတင်းထောက် တဦးကလည်း ပြောပါတယ်။
အဲလက်စ်က ကားဝယ်ဖို့ ပိုက်ဆံစုနေလို့ ဒီအနိုင်ရတဲ့ငွေတွေကို စုထားတဲ့ပိုက်ဆံတွေထဲ ထည့်ထားမယ်လို့ ဆိုပါတယ်။
4 years Ago