မြင်းကျားများကို

March 25, 2017

မြင်းကျားများကို မိကျောင်းကြီးများက ဘယ်လိုတိုက်ခိုက်စားသောက်သလဲ (ရုပ်သံ)

မိကျောင်းတွေဟာ ရေပိုင်နက်ထဲမှာတော့ တကယ့်ကို ဘုရင်တဆူပါပဲ။ ကျင်လည်ရာဒေသတွေ၊ နေထိုင်စားသောက်ပုံတွေမတူညီကြတဲ့ တခြားသော သားရိုင်းတိရစ္ဆာန်တွေနဲ့ ရင်ဆိုင်ရချိန်မှာ သူတို့ဟာ ဘယ်လိုတုံ့ပြန်တိုက်ခိုက်ကြမလဲဆို တာကတော့ စိတ်ဝင်စားစရာပါ။ မိကျောင်းအမျိုးအစားတွေ အများကြီးရှိနေတဲ့ထဲကမှ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ကြောက်စရာကောင်းတဲ့ နိုင်းမြစ်မိကျောင်းကြီးတွေက ဘယ်လိုတိုက်ခိုက်ကြတယ်ဆိုတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်အစမှာတော့ ရေပိုင်နက်ထဲဖြတ်ပြေးခဲ့တဲ့ မြင်းကျားအုပ်စုထဲက သင်းကွဲကျန်နေခဲ့တဲ့ တကောင်ကို တိုက်ခိုက်စားသောက်ခဲ့တာပါ။ မြင်းကျားဟာ ရေအောက်က မိကျောင်းရဲ့ တိုက်ခိုက်မှုကို ခုခံနိုင်မှုမရှိပဲ လည်စင်း ပေးခဲ့ရတာပါ။ နိုင်းမြစ်မိကျောင်းတွေဟာ မိကျောင်းမျိုးစိတ်တွေထဲမှာ ခန္ဓာကိုယ်အရှည်လျားဆုံး အမျိုးအစားထဲမှာပါဝင်ပြီး ၆ မီတာထိ ရှည်လျားနိုင်ပြီး အလေးချိန် ၁ တန်လောက်ထိ ရှိ နိုင်ပါတယ်။ သားကောင်ကို တိုက်ခိုက်တဲ့ နေရာမှာတော့ အလွတ်မပေးပဲ ဇွဲနပဲကြီးတတ်ကြတာမို့ တကယ့်ကို အန္တရာယ်ကြီးပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ရဲ့ နောက်တပိုင်းမှာတော့ မိကျောင်းဟာ တောဆိတ်ကို ဆာလောင်မှုနဲ့ တိုက် ခိုက်စားသောက်ခဲ့တာကို တွေ့နိုင်မှာပါ။
5 years Ago
Up